အမျိုးသမီးတွေ ရဟန်းဖြစ်မှု ပုပ် မထောက်ခံ

  • 8 မတ် 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်

ကမ္ဘာတလွှား က ကတ်သလစ် ခရစ်ယာန် ဘာသာရေး လောကမှာ ထင်ရှားတဲ့ အမျိုးသမီးတွေ စုပြီး အီတလီ နိုင်ငံ ရောမမြို့မှာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ အမျိုးသမီးတွေ ခရစ်ယာန် ဘာသာရေး လောကလွှမ်းမိုးမှု ပိုမိုရလာစေဖို့ သူတို့က တောင်းဆိုခဲ့ကြပါတယ်။

ဗာတီကန် ကျောင်းတော်ဟာ "empire of misogyny" မိန်းမမုန်းတဲ့ အင်ပါယာ တခု ဖြစ်တယ်လို့ အိုင်ယာလန် သမ္မတဟောင်း Mary McAleese က ပြောပါတယ်။

ဗာတီကန် ကျောင်းတော်က ထိပ်ပိုင်းရာထူးတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရရေးကို ထောက်ခံပေမယ့် အမျိုးသမီးတွေ သိက္ခာတော်ရ ရဟန်းအဖြစ်ကို ခွင့်မပြုနိုင်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောကြားခဲ့ပါတယ်။

ကတ်သလစ် အမျိုးသမီးလှုပ်ရှားမှု အဖြစ် ကျင်းပတဲ့ အဲဒီ ညီလာခံကို ပုပ်ရဟန်းမင်းကြီး တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ