တရုတ်ကို ကန် ပိတ်ဆို့မှုတွေ ကြေညာဖို့ရှိ
တရုတ်နိုင်ငံအပေါ် အမေရိကန် က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကို သမ္မတ ထရမ့်က မတ်လ ၂၂ ရက်မှာ ထုတ်ဖော် ကြေညာဖို့ ရှိပါတယ်။
အမေရိကန် စီးပွားရေး လုပ်ငန်းတွေရဲ့ ညာဏ ပိုင်ဆိုင်မှုတွေကို ခိုးယူအသုံးပြုဖို့ တရုတ်အစိုးရက အားပေး အားမြှောက် လုပ်နေတယ်လို့ ဖော်ထုတ် တွေ့ရှိခဲ့အပြီး အမေရိကန် အစိုးရက အခုလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ စီစဉ်ခဲ့တာပါ။
တရုတ်အစိုးရရဲ့ လုပ်ကိုင်ပုံတွေကို သုံးသပ်ထားတဲ့ အစီရင်ခံစာ တခုထဲမှာ တရုတ် အစိုးရက အမေရိကန် နိုင်ငံမှာ နည်းဗျူဟာပိုင်း စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်နေပြီး အွန်လိုင်းပေါ်ကနေ ဆိုင်ဘာ တိုက်ခိုက်မှု တွေ လုပ်တာကို အားပေး ကူညီနေတယ် ဆိုတာကို စုံစမ်း တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။
တရုတ်ရဲ့ လုပ်ပုံလုပ်နည်းတွေ ပြောင်းလဲမှုပေးဖို့ တရုတ်အစိုးရနဲ့ နှစ်နဲ့ချီ ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် အခုလို လုပ်ရတာလို့ အိမ်ဖြူတော်က ပြောပါတယ်။
ပို့ကုန် အခွန်တင်းကျပ်မှုကို ထရမ့်ကာကွယ်
ရုရှ တချို့ ကို အမေရိကန် ပိတ်ဆို့မှု ချမှတ်
ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေထဲမှာ တရုတ်နိုင်ငံရဲ့ သွင်းကုန်တွေအပေါ် အခွန် ဒေါ်လာ ဘီလျံ ၃၀နဲ့ ၆၀ အကြား တိုးမြှင့် ချဖို့ နဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ဖို့ တွေ ပါဝင်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကြီးထံ တိုင်တန်းမှုတွေ လုပ်ကောင်း လုပ်မယ်လို့လည်း အမေရိကန် ကုန်သွယ်ရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

တရုတ်က အမေရိကန်နိုင်ငံမှာ နည်းပညာပိုင်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ကြိုးစားနေတာဟာ စစ်ရေးနည်းပိုင်း ဆိုင်ရာ ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်တယ်လို့ စိုးရိမ်မှုတွေ အမေရိကန်နိုင်ငံထဲမှာ တိုးပွား လာနေပါတယ်။
တရုတ် အစိုးရဘက်ကတော့ အမေရိကန် အစိုးရဟာ ကမ္ဘာ့ ကုန်သွယ်ရေး ဥပဒေကို ချိုးဖောက်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပြီး တုံ့ပြန် လက်စားချေဖို့ အသင့် ရှိတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်မှုကနေ အပြန်အလှန် အကျိုးအမြတ် ရပေမယ့် တရုတ်ဘက်ကတော့ ကိုယ့်ကိုကိုယ် ကာကွယ်သွားရမှာပဲလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာ ချွန်ယင်း က ဘေဂျင်းမြို့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
သံမဏိနဲ့ အလျူမီနီယမ် အခွန် အမေရိကန် အတည်ပြု
မြောက်ကိုရီးယား အရေး တရုတ်နဲ့ ကန် ပူးပေါင်းဆောင်ရွက်မယ်

အမေရိကန် အစိုးရရဲ့ တဘက်သတ်ဆန်ပြီး ပြည်တွင်း လုပ်ငန်းတွေကို ပြည်ပ ယှဉ်ပြိုင်မှုကနေ အကာအကွယ်ပေးတဲ့ တဘက်သတ် ဆန်တဲ့ မူဝါဒမျိုးကို တရုတ်အစိုးရအနေတဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါကြောင်း၊ ဥပဒေနဲ့ ညီတဲ့ အခွင့်အရေးတွေ အကျိုးစီးပွားတွေကို ထိခိုက်လာရင် တရုတ်အစိုးရအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပဲ အခိုင်အမာ ကာကွယ်သွားမှာ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာ ချွန်ဟင်းက ပြောသွားပါတယ်။
တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး ဆက်ဆံရေးဟာ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းတဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာကို အမေရိကန် အစိုးရဘက်က ရှင်းရှင်းလင်းလင်း သဘောပေါက်မယ်လို့ မျှော်လင့်ပါကြောင်း လည်း သူက ပြောသွားပါတယ်။
အိန္ဒိယ-အမေရိကန် ဆက်ဆံရေး တဟုန်ထိုးမြှင့်မယ်
ကန်နဲ့ တရုတ် အေပက် မိန့်ခွန်းတွေ ကွဲလွဲ

ကုန်သွယ်ရေးနဲ့ မြောက်ကိုရီးယားအရေး ကန်နဲ့ တရုတ် ဆက်ဆွေးနွေး
တရုတ်အစိုးရဘက်က ပြန်တုံ့ပြန်မယ့် ဆောင်ရွက်ချက် တွေထဲမှာ အမေရိကန် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေအပေါ် ပစ်မှတ်ထားပြီး အခွန် စည်းကြပ်မှုတွေ ပါဝင်မယ်လို့ ဝေါလ်စတရိ ဂျာနယ်မှာ ဖော်ပြ ထား ပါတယ်။
အခုအခါ အမေရိကန်နဲ့ နိုင်ငံခြား တိုင်းပြည်တွေရဲ့ စီးပွားရေး သဘောတူချက်တွေနဲ့ ပတ်သက်လို့ အစိုးရက သုံးသပ် စစ်ဆေးနိုင်ခွင့်ရနိုင်မယ့် ဥပဒေမျိုးတွေ ပြဋ္ဌာန်းနိုင်ဖို့အမေရိကန် ကွန်ဂရက်က ကြိုးစားနေပါတယ်။
ဒါပေမယ့်လည်း တချို့ နိုင်ငံရေးသမား တချို့နဲ့ လက်လီလုပ်ငန်းလို စက်မှုလုပ်ငန်းရှင်တွေကတော့ တရုတ်ရဲ့ လက်တုံ့ပြန် အရေးယူလာမှာကို အတော်လေး စိုးရိမ်နေကြပါတယ် ။