ထရဲ့ဘ်မြို့ ပစ်ခတ်မှုမှာ ဓားစာခံနဲ့ လဲလှယ်ခဲ့တဲ့ ရဲအရာရှိကို သူရဲကောင်းအဖြစ် သမ္မတမက်ခရွန်း ဂုဏ်ပြု

  • 24 မတ် 2018
ဓာတ်ပုံ မူပိုင် PA
Image caption Lt-Col Arnaud Beltrame

ပြင်သစ်နိုင်ငံ တောင်ပိုင်း ထရဲ့ဘ်မြို့က စူပါးမားကတ် တစ်ခုအတွင်း ပစ်ခတ်မှုမှာ ဓားစာခံနဲ့ အစားထိုးလဲလှယ်ခဲ့တဲ့ ရဲအရာရှိဟာ သူရဲကောင်း ဖြစ်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ချီးကျုးဂုဏ်ပြုလိုက်ပါတယ်။

သူဟာ ရဲဘော်ရဲဖက်တွေရဲ့ အသက်ကို ကယ်တင်ခဲ့သလို တိုင်းသူ ပြည်သားတွေရဲ့ အသက်တွေကိုလည်း အသက်နဲ့ ရင်းပြီး ခုခံ ကာကွယ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ဒီရဲ၀န်ထမ်းဟာ ဆေးရုံမှာ အသက်လုနေရတယ်လို့လည်း သမ္မတ မက်ခရွန်းက ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် သေနတ်သမား ရက်ဒို၀မ် လက်ခ်ဒင်းမ်ဟာ အိုင်အက်စ် အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို သစ္စာခံထားတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူရဲ့ ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးခဲ့ရသလို ပြင်သစ် နိုင်ငံ တောင်ပိုင်း တစ်လျှောက်က ပစ်ခတ်မှု ၃ ခုမှာ လူ ၁၆ ဦး ဒဏ်ရာခဲ့ရပြီးတဲ့နောက် သူ့ကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ရပါတယ်။

လူ ၃ ဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို ပြင်သစ်ရဲက အသေဖမ်းမိ

လက်ရှိမှာတော့ သေနတ်သမားနဲ့ ဆက်သွယ်ပတ်သက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။

သမ္မတ မက်ခရွန်းကတော့ သေနတ်သမားရဲ့ နောက်ကြောင်း ရာဇ၀င်ကို စုံစမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ