ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု ဆန္ဒပြပွဲအတွင်း လူ ၈ ဦးသေဆုံး

  • 3 ဧပြီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption ခရစ်ယာန် ၊ ဗုဒ္ဓဘာသာနဲ့ ဆစ်ခ့် ဘာသာဝင်တွေလည်း ဒါးလစ်အုပ်စုတွေထဲ ပါဝင်နေတာပါ

ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုနဲ့ သက်ဆိုင်တဲ့ လူထောင်ချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေအတွင်း တိုက်ခိုက်မှု အချို့ဖြစ်ပွားခဲ့ပြီး လူ ၈ ဦး သေဆုံးမှု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

ဒါးလစ်လို့ခေါ်တဲ့ ဇာတ်နိမ့်တွေကနေ အိန္ဒိယနိုင်ငံတလွှားမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာပါ။

ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ အတည်ပြုခဲ့တဲ့ ဥပဒေဟာ ဇာတ်နိမ့်တွေအတွက် အကာကွယ်ပေးနိုင်မှုမှာ ပိုပြီးအားနည်းသွားစေခဲ့တယ်ဆိုပြီး သူတို့ဟာ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြမှုတွေကြောင့် ရထားပို့ဆောင်ရေး အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းတချို့ကို အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပြီး နေရာဒေသအချို့မှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တာပါ။

ဖက်ဒရာယ်အစိုးရကတော့ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်နိုင်မလားဆိုပြီး မေးမြန်းခဲ့ပါတယ်။

ဗဟိုတရားရုံးဘက်ကတော့ ဇာတ်နိမ့်တွေနဲ့ မျိုးနွယ်စုတွေကို ကာကွယ်ပေးတဲ့ ဥပဒေဖြစ်တဲ့ Sc/ST ကို အသုံးပြုပြီး အလွဲသုံးစားပြုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရထားပို့ဆောင်ရေး လမ်းကြောင်းအချို့လည်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့

ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေဟာ အိန္ဒိယနိုင်ငံမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အနည်းဆုံး လူဦးရေ ၄ သောင်းထက်မနည်းတဲ့ ဇာတ်နိမ့်တွေဟာ ၂၀၁၆ ခုနစ်တုန်းက တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါလစ်လို့ခေါ်တဲ့ ဇာတ်နိမ့်ဝင် သတ်မှတ်ခံထားရသူတွေရဲ့ ခေါင်းဆောင်အချို့ကတော့ အဲဒီအုပ်ချုပ်မှုပုံစံတွေဟာ သူတို့အတွက် စိတ်အားငယ်မှုတွေ ဖြစ်စေတယ်လို့ ပြောကြပါတယ်။ ခရစ်ယာန် ၊ ဗုဒ္ဓဘာသာနဲ့ ဆစ်ခ့် ဘာသာဝင်တွေလည်း ဒါးလစ်အုပ်စုတွေထဲ ပါဝင်နေတာပါ။