ဂျာမနီမှာ ကားနဲ့တိုက်ခိုက်

  • 7 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption ကားမောင်းသမား သူ့ကိုယ်သူ သတ်သေသွား

ဂျာမနီနိုင်ငံ အနောက်ပိုင်း မင်စတာ မြို့မှာ လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်လို့ အနည်းဆုံး ၃ ယောက်သေပြီး လူ ၃ဝ ကျော် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။

ကားမောင်းသမား သူ့ကိုယ်သူ သတ်သေသွားတယ်လို့လည်း ဂျာမန် သတင်းဌာနတွေက ရေးပါတယ်။

မင်စတာ မြို့ဟောင်းပိုင်းကို ရဲက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဂျာမနီ ကုန်ကား တိုက်မှု မသင်္ကာသူကို ပြန်လွှတ်

ဂျာမနီ ခရစ်စမတ် စျေးတန်း ကုန်တင်ကား ဝင်တိုက်၊ အနည်းဆုံး ၁၂ ဉီး သေ

ဓာတ်ပုံ မူပိုင် AFP
Image caption မင်စတာ မြို့ဟောင်းပိုင်းကို ရဲက ပိတ်ထား

လူနာတချို့ အခြေအနေ စိုးရိမ်ရတယ် လို့လည်း ဆိုပါတယ်။

လူတွေကို မြို့ထဲ မသွားဖို့ ရဲက သတိပေးနေပါတယ်။

ဘာလင် တိုက်ခိုက်မှု နဲ့ မသင်္ကာသူ နောက်တစ်ဉီး ကို ဂျာမနီ ဖမ်းဆီး

ဘာလင် ခရစ်စမတ်ဈေး အကြမ်းဖက်တရားခံရဲ့ တူ အဖမ်းခံရ

ဓာတ်ပုံ မူပိုင် Paul Fegmann
Image caption စားပွဲ ကုလားထိုင် ပြိုလဲပြီး ဖရိုဖရဲ ဖြစ်နေ

အခင်းဖြစ်ပွားရာ အနီးတဝိုက်က စားသောက်ဆိုင် တခုမှာ စားပွဲ ကုလားထိုင် ပြိုလဲပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ပုံတွေကို လူမှုကွန်ယက်တွေမှာ တွေ့ရပါတယ်။

၂ဝ၁၆ ဒီဇင်ဘာ တုန်းက ဘာလင် ခရစ္စမတ် စျေးတန်းထဲမှာ လော်ရီကားနဲ့ ဝင်တိုက်လို့ လူ ၁၂ ယောက် သေဆုံးခဲ့ရပါတယ်။

ဒေါ့မွန် ပေါက်ကွဲမှုတရားခံ သဲလွန်စလား

ဆက်စပ် အကြောင်းအရာများ