အမျိုးသမီးကို ပြောင်းပြန် ကုန်းပိုးပြီး ပြေးရတဲ့ အင်္ဂလန်က ပြိုင်ပွဲ

  • 9 ဧပြီ 2018
ဓာတ်ပုံ မူပိုင် PA
Image caption ပြုတ်မကျအောင်လည်း ထိန်းရသလို အတားအဆီးတွေကိုလည်း ကျော်ဖြတ်ရတယ်

စုံတွဲတွေထဲက အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူကို ပြောင်းပြန် ကုန်းပိုးပြီး ရွှံ့နွံတွေနဲ့ စိမ့်မြေတွေကို ဖြတ်ကျော်ပြေးရတဲ့ ပြိုင်ပွဲကို ၁၁ ကြိမ်မြောက်အဖြစ် အင်္ဂလန်မှာ ကျင်းပခဲ့ပါတယ်။

အင်္ဂလန်အရှေ့တောင်ပိုင်းက ဆာရေမှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲဟာ မီတာ ၃၈၀ အကွာအဝေးကို ဖြတ်ကျော်ပြေးရတဲ့ ပြိုင်ပွဲဖြစ်ပြီး Chris Hepworth နဲ့ Tanisha Prince တို့စုံတွဲက အနိုင်ရ ဗိုလ်စွဲသွားခဲ့တာပါ။

ပွဲစီစဉ်သူတွေဟာ ဒီပြိုင်ပွဲကို ကျင်းပနိုင်ဖို့အတွက် အေဒီ ၇၉၃ ခုနစ် ကာလက ပြိုင်ပွဲကို မှီငြမ်းပြီး ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

ဗိုက်ကင်းတွေဟာ သူတို့ရဲ့ ကညာပျိုတွေကို ကုန်းပိုးလေ့ရှိပြီး အဲဒီအလေ့အထဟာ နှစ်ပေါင်း ၃၀၀ လောက် တာရှည်ခံခဲ့ပြီး အခု နှစ်ပေါင်း ၉၀၀ ကျော်အကြာမှာ အဲဒီပြိုင်ပွဲဟာ ပြန်လည်ခေတ်စားလာခဲ့တာဖြစ်တယ်လို့ ပွဲကျင်းပရေး ကော်မတီဘက်က ပြောပါတယ်။

ပြိုင်ပွဲဝင်တွေဟာ အမြင့် ၁၅ မီတာလောက်ကို တက်လိုက်ဆင်းလိုက် ပြေးပြီးပြိုင်ရတဲ့အတွက် အလွန်ပဲ ပင်ပန်းလှတဲ့ပြိုင်ပွဲပါ လို့ ပွဲစီစဉ်သူက ပြောပါတယ်။

တကယ်လို့ ပြိုင်ပွဲဝင်ပြိုင်ချင်သူဟာ အိမ်ထောင်မပြုရသေးဘူးဆိုရင်တောင် မိတ်ဆွေသူငယ်ချင်းအဆင့်ပဲ ဖြစ်နေပြီဆိုရင်ပဲ ပြိုင်ပွဲကို ဝင်ပြိုင်လို့ရတဲ့အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption စုံတွဲ ၅၀ လောက် ပါဝင်ယှာဉ်ပြိုင်ခဲ့ကြတယ်

ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေထဲမှာ အမျိုးသမီးတွေဟာ ၁၈ နှစ်အထက်ရှိရမှာဖြစ်ပြီး အနည်းဆုံး ၅၀ ကီလိုဂရမ် အလေးချိန်ရှိရမှာဖြစ်ပါတယ်။ သယ်ပြေးနေတုန်း အမျိုးသမီးကို ပြုတ်ကျခဲ့မယ်ဆိုရင် ပင်နယ်တီပြစ်ဒဏ်လည်း ပေးရမှာဖြစ်ပါတယ်။

ကီလို ၅၀ အောက် အမျိုးသမီးကိုတင်ဆောင်မဲ့ သူအနေနဲ့ ပဲတွေထည့်ထားတဲ့ ကျောပိုးအိတ်ကိုပါ သယ်ရမှာဖြစ်ပါတယ်။ဆုရသွားတဲ့ မစ္စတာ ဟပ်ဝါ့ခ်ကတော့ သူ့အနေနဲ့ အလွန်အံ့အားသင့်မိပြီး စိတ်ကျေနပ်မှုလည်း ဖြစ်ရတယ်လို့ ပြောပြီး ဇနီးဖြစ်သူကတော့ ပြေးပြီး တက်ရတဲ့ နေရာတွေမှာ အဆင်ပြေပေမဲ့ အဆင်းတွေမှာတော့ အနည်းငယ်အခက်အခဲတွေ့ရတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ