ရုရှ ကို သတိထားလို့ ပြောလိုက်တဲ့ ဒေါ်နယ် ထရမ့်

  • 11 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption ဓါတု လက်နက် သုံး တိုက်ခိုက် ခဲ့လို့ အရပ်သား အများအပြား သေဆုံး ခဲ့ရတာ ကို တုံ့ ပြန် တာ ဖြစ်တယ်လို့လည်း သူက ပြော

အမေရိကန် ရဲ့ ဒုံးကျည် တွေ နဲ့ ဆီးရီးယား နိုင်ငံထဲ ကို ပစ်ခတ် တိုက်ခိုက် ဖို့ ပြင်ဆင် နေပြီး ရုရှ တို့ အနေနဲ့ အသင့်ပြင် ထားလို့ သမ္မတ ဒေါ်နယ် ထရမ့်က ကြိမ်းဝါး လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မှာ ဆီးရီးယား စစ်တပ် က အရပ် သား တွေကို ဓါတု အဆိပ် ဓါတ်ငွေ့ နဲ့ တိုက်ခိုက် ခဲ့တဲ့ အတွက် တုံ့ပြန်တာ လို့လည်း သူက ဆိုပါတယ်။

ဒေါ်နယ် ထရမ့် က ထုံးစံ အတိုင်း သူရဲ့ လူမှု ကွန်ရက် Twitter ကနေ ပြီးတော့ ရုရှ တို့ အနေနဲ့ Get Ready အသင့် ပြင်ထား တော့ လို့ ရေး သား ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ် တုန်း က ဆီးရီးယား အစိုး ရ စစ်တပ်ဟာ မြို့တော် ဒမတ် စကပ် အရှေ့ပိုင်း က ဒူမာ ဒေသမှာ ဓါတု လက်နက် သုံး တိုက်ခိုက် ခဲ့လို့ အရပ်သား အများအပြား သေဆုံး ခဲ့ရတာ ကို တုံ့ ပြန် တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဆီးရီးယား အရေး နဲ့ ပတ်သက်လို့ စစ်ရေး အင်အားသုံး တုံ့ပြန် မယ်လို့ မစ္စတာ ထရမ့် က တောက်လျှောက် ပြောဆိုနေတာ ဖြစ်ပါတယ်။

မစ္စတာ အာဆတ်နဲ့ အပေါင်းအပါ တွေဟာ Gas Killing Animal ဓါတ်ငွေ့ သုံးပြီး လူသတ် နေတဲ့ တိရစ္ဆာန် တွေ ဆိုပြီးတော့ မစ္စတာ ထရမ့် က စကားလုံး ရင့်ရင့် သီးသီး တွေ သုံးနှုံး ပြီး ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ ဆီးရီးယား အရေး နဲ့ ပတ်သက်လို့ ကုလသဂ္ဂ မှာ ဆွေးနွေး အဖြေရှာ နေကြ ပေမယ့် နိုင်ငံ တကာ အနေနဲ့ အရေး ယူ ဆောင်ရွက် နိုင်မယ့် ဆုံးဖြတ်ချက် တစ်စုံတရာ ထွက်ပေါ် လာခြင်းလည်း မရှိသေးပါဘူး။

အဲဒါ ကလည်း လုံခြုံရေး ကောင်စီက အမြဲတမ်း အဖွဲ့ဝင်လည်း ဖြစ် ဆီးရီးယား အစိုးရ ကို ကျော ထောက် နောက်ခံ ပေးထားတဲ့ ရုရှ နိုင်ငံ ဘက်က သူ့ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့ ဗီတို အာဏာ ကို အသုံးပြုပြီး ဆီးရီးယား အစိုးရ အပေါ် အရေးယူ နိုင်မယ့် အဆိုပြုချက်တွေကို ပယ်ချ နေလို့ ဖြစ်ပါတယ်။

ဓါတု အဆိပ် ဓါတ်ငွေ့ နဲ့ တိုက်ခိုက် ခံရတဲ့ ဒူမာ ဒေသ က လူတွေ နဲ့ နိုင်ငံတကာက လူတွေဟာ လုံခြုံရေး ကောင်စီ က အရေးယူဖို့ ဆုံးဖြတ်တာ ကို မျှော်လင့် နေချိန်မှာ နိုင်ငံ တစ်နိုင်ငံ က တာဆီး နေတဲ့ ဖြစ်ရပ် ကို မြင် တွေ့ နိုင်မှာပါ။ ရုရှ အနေနဲ့ လူ့ အသက်တွေ ကို ရင်းပြီး ဘီလူးသရဲ အစိုးရ ကို အကာအကွယ် ပေးနေတာ ကို သမိုင်း က မှတ်တမ်း တင် ထားမှာ လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီ က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးရီးယားအရေး ကန်နဲ့ ရုရှားအငြင်းပွား

ရုရှ ဘက်ကတော့ အမေရိကန် တို့ဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ လုံခြုံရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့် တွေကို လျော့နည်းအောင် လုပ်ဆောင် နေတယ် ဆိုပြီး ရုရှ သံအမတ် က ပြန်လှန် စွပ်စွဲ ခဲ့ပါတယ်။

ဧပြီလ ၁၁ ရက်နေ့မှာတော့ ဓါတု လက်နက် နဲ့ တိုက်ခိုက် ခဲ့တယ်လို့ စွပ်စွဲ ခဲ့ထား ရတဲ့ ဒူမာ ဒေသ ကို ဝင်ရောက် စစ်ဆေးခွင့် ပေးဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က တောင်းဆို ထားပါတယ်။

ဒီ အဖြစ် အပျက် နဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ အပေါင်းအပါ တွေက စစ်ရေး အင်အားသုံးပြီး စစ်ရေး အရ အရေးယူ ဖို့ တိုင်ပင် မှုတွေလည်း ရှိနေပါတယ်။

ရုရှ တို့ ဘက် ကတော့ ဆီးရီးယား အပေါ်မှာ စစ်ရေး တိုက်ခိုက် မှုတွေ လုပ်လာမယ် ဆိုရင် အရှေ့အလယ်ပိုင်းမှာ အခြေအနေ မတည်ငြိမ်မှု တွေ ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင်ပြီး သွေးချောင်းစီး တဲ့ အဖြစ်အပျက် တွေ ပေါ်ပေါက် လာ နိုင်ကြောင်း သတိပေး ပြောဆို ထားပါတယ်။