ဒူမာမှာ ဆီးရီးယား အစိုးရ အလံ လွင့်ပျံနေ

  • 12 ဧပြီ 2018
ဓာတ်ပုံ မူပိုင် NAZEER AL-KHATIB
Image caption ဒူမာက ဆုတ်လာတဲ့ သူပုန်တွေ

ဆီးရီးယားက ဒူမာမြို့မှာ ဆီးရီးယား အစိုးရ အလံ လွင့်ပျံနေပြီလို့ ရုရှား စစ်ဘက်က ဆိုပါတယ်။

ဒီမြို့ဟာ ဒမတ်စကပ် မြို့တော် အရှေ့စွန်းက သူပုန် တွေ ခြေကုပ်ယူခဲ့တဲ့ နောက်ဆုံး နယ်မြေလည်း ဖြစ်ပါတယ်။

ဒီမြို့မှာ အရင်အပတ်က ဓာတုတိုက်ခိုက်မှု ဖြစ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

ရုရှ ကို သတိထားလို့ ပြောလိုက်တဲ့ ဒေါ်နယ် ထရမ့်

ဆီးရီးယားကို အင်အားသုံး တုံ့ပြန်မယ်လို့ အမေရိကန်ပြော

ဓာတု ဓာတ်ငွေ့ တိုက်ခိုက်မှု ကန်ဝေဖန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးရီးယားက ဒူမာမြို့မှာ ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့သလား
ဓာတ်ပုံ မူပိုင် SANA HANDOUT
Image caption ဆီးရီးယား သမ္မတကို အီရန် လာတွေ့

ဆီးရီးယား အစိုးရနဲ့ ရုရှား မဟာမိတ်တွေက စေ့စပ်ပေးတဲ့ အတွက် ဒီမြို့မှာ အဝိုင်းခံနေရတဲ့ အတိုက်အခံ တပ်သားတွေ ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။

ဒူမာနဲ့ အနားက အရှေ့ ဂူတာမှာ သူပုန်တွေ ရှုံးနိမ့်တာဟာ သမ္မတ ဘရှား အယ်လ် အာဆတ် အစိုးရ အတွက် အောင်ပွဲကြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဓာတ်ငွေ့သုံး တိုက်ခိုက်တာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပြဿနာတက်နေပါတယ်။

ဆီးရီးယား အစိုးရက ဒါကို ငြင်းဆန်ပေမယ့် လက်တုံ့ပြန် တိုက်ခိုက်သွားမယ် လို့ အနောက်နိုင်ငံတွေက ခြိမ်းခြောက်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် MC2 ALYSSA WEEKS
Image caption ဆိုက်ပရပ်က အမေရိကန်တပ်တွေ

အမေရိကန် သမ္မတ ထရမ့်က တိုက်ခိုက်မှု သိပ်မကြာခင် လာနိုင်တယ်၊ ချက်ချင်း ဖြစ်ချင်မှလည်း ဖြစ်မယ်လို့ ဆီးရီးယားကို ခြိမ်းခြောက်ခဲ့ပါတယ်။

ဓာတု တိုက်ခိုက်မှု ဖြစ်တယ် ဆိုတဲ့ ကိစ္စ ဘယ်လို တုံ့ပြန် ဆောင်ရွက်မယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် တပ်မှူးကြီးတွေရဲ့ နောက်ဆုံး အကြံပြုချက် ချမယ့် အစည်းအဝေးမတိုင်ခင်မှာ ထရမ့်က ဒီလို တွစ်တာက ပြောခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှ အစိုးရနဲ့ အမေရိကန်၊ ပြင်သစ် အစိုးရတွေလည်း ဒီတိုက်ခိုက်မှု ပူးပေါင်း ပါဝင်ဖို့ ရှိမရှိ ဆွေးနွေးကြဖို့ ရှိပါတယ်။

ရုရှားကတော့ ဘက်အားလုံး ဆီးရီးယား ပဋိပက္ခ မြင့်တက်မယ့် အခြေအနေက ရှောင်ကြဖို့ တောင်းဆိုနေပါတယ်။

ဆက်စပ် အကြောင်းအရာများ