ဂုရုကြီး ကို မုဒိမ်းမှုနဲ့ ထောင်တသက်ချ

  • 25 ဧပြီ 2018
ဓာတ်ပုံ မူပိုင် SAM PANTHAKY
Image caption အဆရမ် ဘာဘူ ကို ယုံကြည် ကိုးကွယ်သူတွေ တကမ္ဘာ လုံး မှာ သန်းနဲ့ချီပြီး ရှိ

၁၆ နှစ် အရွယ် မိန်းခလေး ကို အဓမ္မ ပြုကျင့်မှု နဲ့ အိန္ဒိယ နိုင်ငံက နောက်လိုက် ကိုးကွယ်သူ သန်း ၄ဝ လောက် ရှိတဲ့ ဘာသာ ရေး ခေါင်းဆောင် တယောက် ကို ထောင်ဒဏ် တသက် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ဒီလို ပြစ်ဒဏ် ချမှတ် ခဲ့တဲ့ အပေါ်မှာ နောက်လိုက် နောက်ပါ ကိုးကွယ် သူတွေ က မကျေမနပ် ဖြစ်နေပြီးတော့ ကန့်ကွက် ဆန္ဒပြမှု တွေ ဖြစ်ပေါ် နေပါတယ်။

ထောင်ဒဏ် ကျခံဖို့ အမိန့် ချမှတ် ခံရတဲ့ အချိန်မှာ သူ့ရဲ့ အသက် က ၇၇ နှစ် အရွယ်ရှိပြီ ဖြစ်ပါတယ်။

အဆရမ် ဘာဘူ ကို ယုံကြည် ကိုးကွယ်သူတွေ ကာ တကမ္ဘာ လုံး မှာ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်။

မုဒိမ်းမှုဆန့်ကျင်ရေး ကာတွန်းကြောင့် အိန္ဒိယ ကာတွန်းဆရာ ခြိမ်းခြောက်ခံရ

ဘာအကြောင်းနဲ့မှ အမျိုးသမီးတွေကို မုဒိမ်းမှု မကျူးလွန်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂုရုကြီးအတွက် ဆုတောင်းပေးကြ

သူဟာ ၂ဝ၁၃ ခုနှစ် က အိန္ဒိယ နိုင်ငံ မြောက်ပိုင်း က ဂျို့ပိုး ဒေသမှာ မုဒိန်း မှု ကို ကျူးလွန် ခဲ့တာ ဖြစ်ပြီးတော့ သူ့ ကို ပြစ်ဒဏ် ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဘာသာရေး ခေါင်းဆောင် ဂုရုကြီး ကို ပြစ်ဒဏ် အမိန့်ချမှတ် တော့မယ် အချိန်မှာ လုံခြုံရေး ကို အထူး တင်းကျပ် ထားရတယ်လို့ ဘီဘီစီ ဟင်ဒီ ဘာသာ ဌာန က သတင်းထောက် အာယာ ပရီယန်ကာ က ပြောပါတယ်။

ဂျို့ပိုး ဗဟို ထောင်ကြီးမှာ လုံခြုံရေး ကို တင်းကျပ်စွာ ချထားရပါတယ်။ အဲဒီထောင် ရဲ့ ပင်မ ဝင်ပေါက်ရဲ့ တကီလိုမီတာ အထိ ကို လုံခြုံရေး က ထူထပ်စွာ ချထား ခဲ့တာပါ။ အဲဒီ ကနေ ဆက်ပြီး တပ် ကပါ လုံခြုံရေး ယူထား ရပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ အရင်နှစ်ထက်မုဒိမ်းမှု ပိုဖြစ်

ရဲစခန်းကို ဝိုင်းခဲ့သူ ၁၁ ယောက်ကို ရဲက ဖမ်းထား

ဓာတ်ပုံ မူပိုင် MONEY SHARMA
Image caption လုံခြုံရေး ကို အထူး တင်းကျပ်

အဲဒီ့ ဂုရုကြီးမှာ အဆရမ် လို့ ခေါ်တဲ့ ဘာသာရေး ကျောင်းခွဲပေါင်း ၄ဝဝ ကျော် ကို အိန္ဒိယ နိုင်ငံ နဲ့ ကမ္ဘာ့ နိုင်ငံ အချို့မှာ ဖွင့်လှစ် ထားတယ် လို့ လည်း ဆိုကြပါတယ်။

သူဟာ အိန္ဒိယ ပြည်နယ် ဂူဂျာရက် ပြည်နယ် မှာလည်း နောက်ထပ် မုဒိမ်း မှု တခု ကို ရင်ဆိုင် နေရတယ်လို့ ပြောပါတယ်။

၂ဝ၁၃ ခုနှစ်တုန်းက အဲဒီ ဂုရု ကြီးရဲ့ ကိုးကွယ်သူ နောက်လိုက် နှစ်ယောက်က ရဲစခန်း ကို မုဒိမ်းမှု နဲ့ သွားရောက် တိုင်ကြား ခဲ့ပြီးနောက် သူ့ကို ရဲတပ်ဖွဲ့ က ဖမ်းဆီး ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ နောက်လိုက် နှစ်ယောက်က သူတို့သမီးကို ဘာသာရေးသင်ကြား ပေးဖို့ စေလွှတ် ခဲ့ပြီးနောက် သူတို့သမီး ဂုရု ကြီးရဲ့ အဓမ္မ ပြုကျင့်မှု ခံခဲ့ရတယ်လို့ ပြောဆို ခဲ့ပါတယ်။

သူတို့သမီးမှာ မကောင်းဆိုးဝါး တကောင် ပူးကပ် နေလို့ အဲဒါ ကို ချေချွတ် ဖို့ အတွက် ဂုရု ကြီး က ဆင့်ခေါ် ခဲ့တာ ဖြစ်တယ် လို့လည်း သူတို့က ပြောကြပါတယ်။

အဲဒီ အာဆရမ် ဘာဘူ ကြီးဟာ ၁၉၆ဝ မှာ စတင်ပြီး ဘာသာရေး ကျင့်စဉ် တွေကို စတင် ကျင့်သုံး ခဲ့တာပါ။ ပြီးတော့ လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒါရာ မိုဒီ ဟာလည်း ဒီဂုရုကြီး နဲ့ တွေ့ဆုံ ခဲ့ဖူး တယ်လို့ ဘီဘီစီ ဟင်ဒီ ဌာန က သတင်းထောက် အာယာ ပရီယန်ကာ က ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို သေဒဏ် ပေးဖို့ မတ္တရာ ဒေသခံတွေ တောင်းဆို

ပါကစ္စတန်မှာ သက်ငယ်မုဒိမ်းတရားခံ သေဒဏ်၄ခုကျ

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ထပ် မုဒိမ်း မှု တခု ကို ရင်ဆိုင် နေရ

အာဆရမ် ဘာဘူကြီးဟာ အိန္ဒိယ နိုင်ငံတွင်းမှာတင် အိမ်အများအပြား ကိုလည်း ပိုင်ဆိုင် ထားပြီး သူ့ရဲ့ ကြွယ်ဝ မှု က ဒေါ်လာ သန်းနဲ့ ချီ ရှိတယ်လို့ လူတွေက ပြောဆိုနေပါတယ်။

အခုတော့ သူ့ကို ဘာသာရေး ပိုက်ဆံ တွေကို အလွဲ သုံးစား လုပ်မှု တွေ အပြင် ငွေ ကြေး စာချုပ် စာတမ်း အတု လုပ်မှု တွေ နဲ့ စစ်ဆေး နေပါပြီ။

အာဆရမ် ဘာဘူ ရဲ့ အမှု ကို စတင် စစ်ဆေး တဲ့ အချိန် မှာ တရားရုံးမှာ လာရောက် ထွက်ဆို ကြတဲ့ သက်သေ ၉ ယောက် ရှိခဲ့ပြီး အဲဒီ အထဲ က သက်သေ သုံးယောက် သူ့ရဲ့ နောက်လိုက် တွေရဲ့ ရန်ပြု တိုက်ခိုက် မှုတွေကြောင့် သေဆုံး ခဲ့ကြတာလည်း ရှိခဲ့ပါတယ်။

ရော်ဘင်ဟို မုဒိမ်းမှုနဲ့ ထောင်ကျ

ကလေး အဓမ္မကျင့်မှု သေဒဏ်အပြစ်ပေးရေး အိန္ဒိယ အတည်ပြု

အခု ထောင်ဒဏ် တသက် ချမှတ် ခံခဲ့ရတဲ့ အဓမ္မ ပြုကျင့်မှု ကို တိုင်တန်း ခဲ့ကြတဲ့ သူ့ရဲ့ နောက်လိုက် ဟောင်း နှစ်ဦး ဟာလည်း လက်ရှိ ထောင်ဒဏ် ချမှတ် ပြီးတဲ့ အချိန်မှာတောင်မှ သတ်ဖြတ် မယ်ဆို တဲ့ ခြိမ်းခြောက်မှုတွေ ကို ခံနေရတယ်လို့ သိရှိရပါတယ်။

ဆက်စပ် အကြောင်းအရာများ