ပါကစ္စတန်နွယ်ဖွား ဗြိတိသျှ ပြည်ထဲရေးဝန်ကြီး

  • 30 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝင်းရက်ရှ် အရှုပ်တော်ပုံကို ဖြေရှင်းမယ်

အသစ်တက်လာတဲ့ ပြည်ထဲရေးဝန်ကြီး ဆာဂျစ် ဂျာဗစ် က ပါကစ္စတန် နွယ်ဖွား ဖြစ်ပြီး သူ့ရဲ့မိသားစုက ၁၉၆၀ ခုနှစ်လောက်ကတည်းက ဗြိတိန်မှာ အခြေချနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး မစ္စတာ ဂျာဗစ် ရဲ့ ဖခင်ကတော့ ကားမောင်းသမား တဦးဖြစ်ပြီး မစ္စတာ ဂျာဗစ်က အိုးအိမ်နဲ့ ပတ်သက်တဲ့ ဝန်ကြီးတဦးလည်း ဖြစ်ပါတယ်။

ဗြိတိန်မှာ အခြေချနေထိုင်တဲ့သူတွေနဲ့ ပတ်သက်ပြီး မူဝါဒနဲ့ Windrush အရှုပ်တော်ပုံကို ကိုင်တွယ် ပုံကြောင့် ဝေဖန်ခံနေရတဲ့ အချိန်မှာ ပြည်ထဲရေး ဝန်ကြီးဟောင်း အမ်ဘာရက် နုတ်ထွက် သွားရ တာဖြစ်ပါတယ်။

ဝင်းရက်ရှ် အရှုပ်တော်ပုံကြောင့် မစ္စစ်ရက် နုတ်ထွက်သွားရတာလို့ ပြည်ထဲရေးနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ အတိုက်အခံ လေဘာပါတီက ဒိုင်ယန်းအက်ဘော့ က ပြောပါတယ်။

ပြင်သစ် ပြည်ထဲရေး ဝန်ကြီး နုတ်ထွက်

ဘာကာဝတ်ဆင်မှု မျက်နှာဖော်ပြဖို့ ဂျာမနီ ပြည်ထဲရေး ဝန်ကြီးပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ထဲရေး ဝန်ကြီး အမ်ဘာ ရက် နုတ်ထွက်

အလုပ်မှာ ဖြစ်ခဲ့တာကြောင့် ပြန်တာဝန်ယူရမှာ ဖြစ်လို့ သူနုတ်ထွက်တာ မှန်တယ်လို့လည်း လေဘာပါတီက ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိန်မှာ အလုပ်သမား ပြတ်လပ်မှုကြောင့် ဂျမေကာ၊ ထရီနီဒက်၊ တိုဘာကိုနဲ့ တခြားကျွန်း နိုင်ငံက အလုပ်သမားတွေကို ၁၉၄၈ ခုနှစ်က HMT Empire Windrush သင်္ဘောနဲ့ ခေါ်ဆောင် လာခဲ့ပါတယ်။

ဒါကြောင့် ၁၉၄၈ ခုနှစ် ကနေ ၁၉၇၁ ခုနှစ် အတွင်း ကာရစ်ဘီယံ တိုင်းပြည်တွေကနေ ဗြိတိန်ကို ရွှေ့ပြောင်း နေထိုင်တဲ့သူတွေကို ဝင်းရက်ရှ် မျိုးဆက်လို့ ခေါ်ဝေါ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗြိတိန်ရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်မှု အန္တရာယ် အဆင့်မြှင့်
ဓာတ်ပုံ မူပိုင် ANDY RAIN
Image caption ဝင်းရက်ရှ် မျိုးဆက်တွေ ဆန္ဒပြ

ဝင်းရက်ရှ် မျိုးဆက်တွေထဲမှာ ကလေးဘဝကတည်းက မိဘရဲ့ နိုင်ငံကူး လက်မှတ်နဲ့ ဗြိတိန်ကို ရောက်ရှိလာခဲ့သလို နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ပေမယ့် နိုင်ငံသားဖြစ်တယ် ဆိုတဲ့ အထောက်အထား လက်မှတ်တွေ လျှောက်ထားခဲ့တာ မရှိပါဘူး။

လွတ်လပ်ရေးမရသေးတဲ့ ဗြိတိသျှ ကိုလိုနီ နိုင်ငံကနေ လာတာကြောင့် ဗြိတိသျှ နိုင်ငံသားတွေ ဖြစ်တယ်ဆိုပြီး ၂ဝ၁ဝ ပြည့်နှစ်က ဝင်းရက်ရှ် ရွှေ့ပြောင်းနေထိုင်သူတွေဆီမှာ ရှိတဲ့ တချို့ စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက ဖျက်ဆီးခဲ့ပါတယ်။

ဒါပေမယ့် ၂ဝ၁၂ ခုနှစ် ပြောင်းလဲလိုက်တဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ ဥပဒေအရ အထောက်အထား မရှိတဲ့သူတွေဟာ အလုပ်လုပ်ခွင့် မရသလို ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိတော့ပါဘူး။

အထောက်အထားမရှိတဲ့သူတွေကို ဗြိတိန်မှာ တရားမဝင်နေထိုင်သူတွေလို့ ကြေညာလိုက် တာကြောင့် အထောက်အထားမဲ့တဲ့ ဝင်းရက်ရှ် မျိုးဆက်တွေဟာ တရားမဝင် နေထိုင်သူတွေ ဖြစ်သွားခဲ့ပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေ

ဗြိတိန် အစိုးရ အဖွဲ့သစ် ဖွဲ့စည်း

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မထင်မှတ်တဲ့ အဖြေနဲ့ ဗြိတိသျှ ရွေးကောက်ပွဲ
ဓာတ်ပုံ မူပိုင် Christopher Furlong
Image caption ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာမေ

ဒါကြောင့် ဒီမူဝါဒကို ပြန်လည် စဉ်းစားဖို့ တောင်းဆိုခဲ့ပေမယ့် မစ္စစ် ရက်နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာမေတို့က ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ အပတ်က ပြည်ထဲရေး အနေနဲ့ တရားမဝင်နေထိုင်သူတွေကို ဖယ်ရှားဖို့ မကြိုးစားဘူးလို့ လွှတ်တော်အမတ်တွေကို မစ္စစ် ရက်က ပြောကြားခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီး ရာထူးကနေ အထုတ်ပယ်ခံရ

ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ရာထူးက နှုတ်ထွက်

ဒါပေမယ့် ဗြိတိန်က ဂါးဒီးယန်း သတင်းစာကတော့ မစ္စစ် ရက်က လာမယ့်နှစ်အတွင်း တရားမဝင် နေထိုင်သူ ၁၀ ရာခိုင်နှုန်းကို ပြန်ပို့ဖို့ စီစဉ်နေတဲ့အကြောင်း ဝန်ကြီးချုပ် ထရီဇာမေ ဆီကို ပေးပို့တဲ့ စာတစောင်ကို ထုတ်ပြန် လိုက်ပါတယ်။

အရင် တပတ်က ဗြိတိသျှ ပါလီမန်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖယ်ရှားတာနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ရာမှာ လွှတ်တော်အမတ်တွေကို လွဲမှား ပြောဆိုမိ တယ်လို့ မစ္စစ် ရက်က ဝန်ခံပြီး နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အသစ်တက်လာတဲ့ ပြည်ထဲရေး ဝန်ကြီး ဂျာဗစ် ကတော့ သူရဲ့ပထမ ဦးစားပေး အရေးကတော့ ဝင်းရက်ရှ် အရှုပ်တော်ပုံကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ