မဟာသီယာ ကျမ်းသစ္စာကျိန်ဆို

  • 10 မေ 2018
ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption မဟာသီယာအတွက် အောင်ပွဲခံနေ

မလေးရှားနိုင်ငံမှာ အသက် ၉၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး ရွေးကောက်ခံ ခေါင်းဆောင်အဖြစ် စံချိန်တင်လိုက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ် အနိုင်ရခဲ့လို့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာဟာ တိုင်းပြည်ကို ထပ်မံ ဦးဆောင်ဖို့ ရှိနေပါတယ်။

အသက် ၉၂ နှစ် မဟာသီယာ တကျော့ပြန် အနိုင်ယူ

အသက် ၉၂ နှစ်အရွယ် မဟာသီယာ မိုဟာမက်ဟာ ဒေသစံတော်ချိန် ည ၉ နာရီခွဲမှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။

အစိုးရသစ်ဖွဲ့စည်းဖို့ နောက်ကျရင် နောက်ကျသလောက် တိုင်းပြည် ဒုက္ခရောက်လိမ့်မယ်လို့ မဟာသီယာက သတိပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ကတော့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လက်ခံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပျောက်သွားခဲ့တဲ့ မလေးရှား လေယာဉ် MH370 ရှာဖွေမှု ရပ်

ဓာတ်ပုံ မူပိုင် FAZRY ISMAIL
Image caption နာဂျစ် ရာထူးက နုတ်ထွက်

နိုင်ငံရေး လောကကနေ အနားယူသွားခဲ့တဲ့ မစ္စတာ မဟာသီယာဟာ အခု အတိုက်အခံဘက်ကို ဘက်ပြောင်းပြီး ရွေးကောက်ပွဲမှာ တကျော့ပြန် အရွေးခံခဲ့တာပါ။

သူ နိုင်ငံရေး မြေတောင်မြှောက်ပေးထားခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ်ကို ရော မလေးရှားနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၅၇ ခုနှစ် ကတည်းက အာဏာစွဲကိုင်ထားခဲ့တဲ့ တချိန်က သူ့ရဲ့ BN ညွန့်ပေါင်း ပါတီကိုပါ မစ္စတာ မဟာသီယာ အနိုင်ရခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မလေးရှား ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြ

ပါလီမန်မှာ သူ့ညွန့်ပေါင်း ပါတီက အမတ်အများစု နေရာ ရခဲ့တယ် ဆိုတာကို မနက် လင်းအားကြီးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မဟာသီယာက ထုတ်ဖော်ကြေညာ သွားခဲ့ပါတယ်။

ပါလီမန်မှာ သူ့ရဲ့ အတိုက်အခံပါတီ ပါကာတန် ဟာရာပန်က အမတ်နေရာ ၁၂ဝ ကို အနိုင်ရခဲ့သလို သူ့ညွန့်ပေါင်းပါတီထဲမှာ ပါတဲ့ တခြား ပါတီတွေလည်း အမတ်နေရာတွေ အနိုင်ရခဲ့ပြီး စုစုပေါင်း အမတ်နေရာ ၁၃၅ နေရာကို ရထားတဲ့အတွက် သူ့ညွန့်ပေါင်းပါတီက အမတ်နေရာ အများစုကို ရသွားပြီ ဆိုတဲ့အကြောင်း မစ္စတာ မဟာသီယာက ပြောသွားပါတယ်။

ရိုဟင်ဂျာဆန္ဒပြပွဲ မလေးရှားဝန်ကြီးချုပ်တက်

ဓာတ်ပုံ မူပိုင် Reuters
Image caption အန်နဝါ အီဘရာဟင်ဇနီးနဲ့ မဟာသီယာ

သူ့ညွန့်ပေါင်းပါတီက ကလဲ့စားချေ လက်တုံ့ပြန်တာတွေ လုပ်မှာ မဟုတ်ဘဲ နိုင်ငံမှာ တရားဥပဒေ ပြန်လည်စိုးမိုးဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တချိန်က BN ညွန့်ပေါင်းပါတီရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ မစ္စတာ မဟာသီယာဟာ မလေးရှား ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်ကနေ ၂ဝဝ၃ ခုနှစ်အထိ ၂၂ နှစ်ကြာ နိုင်ငံကို အုပ်ချုပ်ခဲ့တာပါ။

သူ့ခေါင်းဆောင်မှုအောက်မှာ မလေးရှားနိုင်ငံဟာ အာရှ ကျားကြီးတွေလို့ တင်စားရတဲ့ အာရှ အင်အားကြီး နိုင်ငံတွေထဲမှာ တခု အပါအဝင် ဖြစ်ခဲ့ပါတယ်။

မဟာသီယာ မိုဟာမက်ကို စုံစမ်းဖို့ ရဲကစတင်

ဒါပေမယ့်လည်း မစ္စတာ မဟာသီယာဟာ အခြေအတင် အငြင်းပွားစရာ လုံခြုံရေး ဥပဒေတွေကို အကြောင်းပြပြီး သူ့အတိုက်အခံတွေကို ထောင်သွင်း အကျဉ်းချခဲ့တဲ့ အာဏာရှင် တဦးလည်း ဖြစ်ခဲ့ပါတယ်။

အထင်ရှားဆုံး ဖြစ်ရပ် တခုကတော့ သူ့ရဲ့ ဒုတိယ ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ကို ရာထူးက ထုတ်ပြီး လိင်တူ ဆက်ဆံမှု စွဲချက်နဲ့ ထောင်သွင်း အကျဉ်း ချခဲ့ပါတယ်။

မလေးရှား အတိုက်အခံ ခေါင်းဆောင်ကို ထောင်ဒဏ် အတည်ပြု

တခါ ၂ဝဝ၈ ခုနှစ်ကစလို့ ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ မစ္စတာ နာဂျစ် ရာဇက်ကိုလည်း မစ္စတာ မဟာသီယာကပဲ နိုင်ငံရေးအရ မြေတောင်မြှောက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မစ္စတာ နာဂျစ်ဟာ ဒေါ်လာ သန်း ၇ဝဝ တန် နိုင်ငံ ဖွံ့ဖြိုးရေး စီမံကိန်း ရံပုံငွေထဲက တချို့ကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရတာပါ။

သူကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မလေးရှား ထောက်ပံ့ရေးသင်္ဘောရောက်ရှိ

ရခိုင် ကိစ္စ မလေးရှား ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption တန်းစီမဲပေးခဲ့ကြတဲ့ မလေးရှားပြည်သူတွေ

အဲဒီလို စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့အပြီးမှာ မစ္စတာ မဟာသီယာက အဂတိလိုက်စားမှုကို ထောက်ခံတဲ့ ပါတီမျိုးနဲ့ ဆက်နွယ် ပတ်သက်ရတာဟာ ရှက်စရာ ကောင်းတယ်ဆိုပြီး ၂ဝ၁၆ ခုနှစ်မှာ အစိုးရ BN ပါတီကနေ အတိုက်အခံ ပါကာတန် ဟာရာပန် ပါတီထဲ ဘက်ပြောင်း ဝင်ခဲ့တာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲ မဝင်ခင်တုန်းက မစ္စတာ မဟာသီယာက မလေးရှားနိုင်ငံကို ၂ နှစ်လောက် သူအုပ်ချုပ်ပြီးမှာ ရာထူးက ဆင်းပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။

မလေးရှားမှာ ဝန်ကြီးချုပ်ကို ဆန္ဒပြနေကြ

အထိန်းသိမ်း ခံထားရတဲ့ အန်နဝါ အီဘရာဟင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ဖို့ သူစီစဉ်ပေးပြီး ဝန်ကြီးချုပ် နေရာအတွက် ပြန်အရွေးကောက်ခံခိုင်းမယ်လို့ သူက ကတိပြု ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဂတိလိုက်စားမှုနဲ့ စွပ်စွဲထားတဲ့ မစ္စတာ နာဂျစ်နဲ့ သူ့ဇနီးကို ဘယ်လို ကိုင်တွယ် အရေးယူမလဲ ဆိုတာတွေကတော့ မစ္စတာ မဟာသီယာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်တယ်လို့ အရှေ့တောင် အာရှဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျော်နသန်ဟက် က သုံးသပ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ