စက္ကန့်ပိုင်း စောထွက်လို့ ရထားကုမ္ပဏီတောင်းပန်ရ

  • 17 မေ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျပန်က ရထားတွေဟာ အချိန်အလွန်တိကျတယ်လို့ ဂုဏ်သတင်းကြီး

ဂျပန် ဘူတာကနေ ရထားတစင်း ၂၅ စက္ကန့် စောထွက်ခဲ့ပြီးနောက် မီးရထားကုမ္ပဏီက ပြန်တောင်းပန်လိုက်ပါတယ်။

ဒါဟာ လပိုင်း အတွင်း ဒုတိယအကြိမ် ဖြစ်သွားခဲ့တာပါ။

'' ခရီးသည်တွေအတွက် ကြီးမားတဲ့အဆင်မပြေမှုတွေ ဖြစ်ပေါ်စေခဲ့လို့ လက်သင့်မခံနိုင်တဲ့အပြစ်ပါပဲ'' လို့ ကုမ္ပဏီက တောင်းပန်ခဲ့ပါတယ်။

မနှစ် နိုဝင်ဘာလကလည်း ရထားတစင်း စက္ကန့် ၂ဝ စောပြီး ထွက်ခဲ့တဲ့အတွက် ရထားချိန်အတိုင်း လာတဲ့ ခရီးသည်တွေ မမီတော့ဘဲ လွဲချော်ခဲ့ရပါတယ်။

ရထားကို နိုတိုဂါဝါ ဘူတာကနေ ၇ နာရီ ၁၂ မိနစ်မှာ ထွက်ရမယ့်အစား ၇ နာရီ ၁၁ မိနစ်မှာ ထွက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန်ရထားတွေ အချိန်တိကျလွန်းတယ်လို့ ကျော်စော

ဂျပန်ရထားတွေက အချိန်တိကျလွန်းတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ ကျော်စောပါတယ်။

ရထားစီးသူတွေကလည်း ထွက်ခွာချိန် အချိန်မှန်ဖို့ မျှော်လင့်နေကြတုန်းပါပဲ။

ဒါပေမယ့် အခုရထားဟာ စက္ကန့်ပိုင်းစောပြီး ထွက်တဲ့အတွက် ကျန်ခဲ့တဲ့ ခရီးသည်တွေက ကုမ္ပဏီကို တိုင်ကြားခဲ့တဲ့နောက် ကုမ္ပဏီဘက်က ချက်ချင်း တရားဝင်တောင်းပန်စာထုတ်ခဲ့ရတာပါ။

ခရီးသည်တွေ မရှိတော့ဘူးထင်ပြီး ရထားထွက်မယ့်အချိန်ကို မှားယွင်း တွက်ချက်ခဲ့တဲ့အတွက် အခုလို ဖြစ်ရတာလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ