အီတလီမြောက်ပိုင်း မြေငလျင် လူ ၁၀ ဦးသေ

  • 29 မေ 2012
ဓာတ်ပုံ မူပိုင် d
Image caption ငလျင်ရဲ့ ပြင်းအားဟာ ရစ်ချ်တာ စကေး ၅ ဒသမ ၈ ရှိ ပါတယ်

အီတလီ မြောက်ပိုင်းမှာ နောက်ထပ် မြေငလျင် တခု လှုပ်ခဲ့လို့ အနဲဆုံးလူ ၁၀ ဦး သေဆုံး သွားကာ၊ အပျက်အစီး ပုံတွေ ကြားမှာ တော်တော်များများ လဲ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီ USGS ကတော့ ငလျင်ရဲ့ ပြင်းအားဟာ ရစ်ချ်တာ စကေး ၅ ဒသမ ၈ ရှိ ပြီး ဘိုလိုဂနာမြို့က ကီလိုမီတာ ၄၀ လောက် အကွာကို ဗဟိုပြုပြီး လှုပ်သွားတာလို့ ဆိုပါတယ်။

မနက်လူတွေ အိပ်ယာထ စမှာ ပဲ ငလျင်က လှုပ်သွားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ အပတ်ကလဲ ဒီနေရာမှာပဲ ငလျင်တခု လှုပ်ခဲ့လို့ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ မြေငလျင်ကြောင့် လူ ၇၀၀၀ လောက် ရွက်ဖျင်တဲတွေမှာ နေနေရဆဲ ဖြစ်ပါတယ်။ အီတလီ ဝန်ကြီးချုပ် မာရီယို မွန်တီကတော့ သူ့အစိုးရ အနေနဲ့ ငလျင်ဒဏ် ခံရသူ တွေဆီ အကူအညီတွေ အမြန်ဆုံး ရောက်အောင် ပို့ပေးသွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ