ဂျူလီယန် အဆွန့်ရှ်ကို ဆွီဒင်ကို လွှဲပြောင်းမယ်

ဓာတ်ပုံ မူပိုင် AP
Image caption သူ့ရှေ့နေတွေကတော့ ဆွီဒင်နိုင်ငံရဲ့ တောင်းဆိုမှု ဟာ တရားမဝင်ဘူးလို့ ပြောပါတယ်

ဝီကီလိခ်စ် ဝက်ဆိုဒ် တည်ထောင်သူ ဂျူလီယန် အဆွန့်ရှ် ကို ဗြိတိန်ကနေ ဆွီဒင် ကို တရားခံ အဖြစ် လွှဲပြောင်းပေးဖို့ အတွက် လန်ဒန် ဗဟို တရားရုံးချုပ်ကနေ အတည်ပြုချက်ပေး လိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ အဆွန့်ရှ်ကို ဆီဒင်နိုင်ငံကနေ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုနဲ့ တရားစွဲ ထားတာ ဖြစ်ပါတယ်။

တရားရုံး တရားသူကြီး အဖွဲ့ရဲ့ အများစု သဘောထား ဆုံးဖြတ်ချက် အရ မစ္စတာ အဆွန့်ရှ်ရဲ့ အယူခံကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

သူ့ရှေ့နေတွေကတော့ ဆွီဒင်နိုင်ငံရဲ့ တောင်းဆိုမှုဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။

မစ္စတာ အဆွန့်ရှ်ကို ထောက်ခံသူတွေ ကတော့ သူ့ကို ဆွီဒင်ကနေ အမေရိကန်ကို ပို့ကောင်းပို့နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

အမေရိကန်ကို ပို့ခဲ့ရင်တော့ သူ့ကို၊ လျှို့ဝှက် စာရွက် စာတမ်းတွေ ထုတ်ဖေါ်မှုနဲ့ တရားစွဲဖို့ ရှိပါတယ်။

အခုအချိန်မှာတော့ သူ့ရဲ့ အယူခံကို ခွင့်ပြုကောင်း ခွင့်ပြုနိုင်တယ်ဆို တဲ့ အခြအနေ ရှိတာကြောင့် ဆွီဒင်ကို လွှဲပြောင်းဖို့ အတွက် သီတင်းနှစ်ပတ် ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။