အီတလီ ငလျင်ကြောင့် လူ၁၆ဦးသေ

  • 30 မေ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption အရင် ၉ရက်က လှုပ်ခဲ့တဲ့နေရာနားမှာ ငလျင် ထပ်လှုပ်ခဲ့

အီတလီနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်မှုအတွင်း လူ၁၆ဦး သေဆုံးခဲ့ပြီး အနည်းဆုံး တဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အဲဒီငလျင်ဟာ လွန်ခဲ့တဲ့ ၉ရက်လောက်တုန်းက အလားတူ ငလျင် လှုပ်ခတ်ခဲ့တဲ့ နေရာ အနီးမှာ ရှိတဲ့ Modena မြို့နားကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။

စက်ရုံတွေနဲ့ ကုန်လှောင်ရုံတခု ပြိုကျခဲ့ပြီး အပျက်အစီး ပုံတွေအောက်မှာ အလုပ်သမားတွေ ပိမိခဲ့ကြသလို ဘုရားကျောင်း အတော် များများလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။

မယ်တော်မာရိ ရုပ်တုကို မထိခိုက်အောင် ကာကွယ်ဖို့ ကြိုးစားခဲ့စဉ်မှာ ပြိုကျလာတဲ့ ထုတ်တန်း တခု ပိမိပြီး ဘုန်းတော်ကြီးတပါး သေဆုံးခဲ့ပါတယ်။

လူရာပေါင်းများစွာလည်း ဒဏ်ရာရခဲ့ကြပါတယ်။

မီးဖိုချောင် အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ အမျိုးသမီး တဦးကိုတော့ နာရီပေါင်း ၁၂နာရီကျော်အကြာမှာ အသက်ရှင်ရက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။