အယ်လ်ခိုင်ဒါကို စက္ကောမယာဉ်နဲ့ ချေမှုန်း

  • 31 မေ 2012
drone
Image caption အိုဘားမားဆီကို ချေမှုန်းဖို့ စာရင်းတင်ရ

အယ်လ်ခိုင်ဒါ သူပုန်တွေကို လူမပါတဲ့ ယာဉ်တွေနဲ့ စစ်ဆင်မှု တိုင်းကို သမ္မတ အိုဘားမား လက်ခံခဲ့ပုံ ရှိကြောင်း ဖော်ထုတ် တွေ့ရှိ ခဲ့ပါတယ်။

မစ္စတာ အိုဘားမားဆီကို ချေမှုန်းဖို့ စာရင်းတင်ရပီး နောက်ဆုံး အတည်ပြုချက် ယူရတယ် လို့ နယူးယောက်တိုင်း သတင်းတပုဒ်က ဆိုပါတယ်။

ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်ပေမယ့် အရပ်သား ထိခိုက် သေဆုံးမှု ကို ရှောင်ရှားတဲ့ အနေနဲ့ သမ္မတကနည်းလမ်း အထူးတလည် တွေ သုံးတယ်လို့ အိမ်ဖြူတော်က အတည်ပြုချက် ပေးပါတယ်။

ဒီ ယာဉ်တွေနဲ့ ယီမင် ဆိုမာလီယာနဲ့ ပါကစ္စတန် က အယ်လ်ခိုင်ဒါ ရှိမယ်ထင်တဲ့ နေရာတွေကို ပစ်မှတ်ထား ခဲ့တာပါ။

အရေးကြီးတဲ့ ဥပဒေကြောင်း စာရိတ္တပိုင်း နိုင်ငံရေးတို့နဲ့ ဆိုင်ရာ မေးခွန်း ထုတ်စရာတွေ ပေါ်လာလိမ့်မယ်လို့ သုံးသပ်သူ တွေက ဆိုပါတယ်။