ပရီးမီးယားလိဂ် အသုံးစရိတ် စံချိန်တင်

  • 31 မေ 2012
premier league ဓာတ်ပုံ မူပိုင် Getty
Image caption မန်စီးတီးက လစာပေးဖို့ ၁၁၄ ရာခိုင်နှုန်း သုံး

၂ဝ၁ဝ-၂၀၁၁ ဘောလုံးရာသီမှာ ထိပ်တန်း အင်္ဂလိပ်ဘောလုံးကလပ်အဖွဲ့ချုပ် တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ်တွေ စံချိန်တင်အောင် မြင့်တက် ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဝင်ငွေရဲ့ ၇ဝ ရာခိုင်နှုန်းကို လစာပေးရာမှာ သုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗိုလ်စွဲခဲ့တဲ့ မန်ယူ အသင်းက ဝင်ငွေ ၄၆ ရာနှုန်းကို သုံးစွဲခဲ့ပြီး မန်စီးတီးကတော့ လစာပေးဖို့ ၁၁၄ ရာခိုင်နှုန်းတောင် သုံးခဲ့တာပါ။

ဒီလို အသုံးစရိတ်တွေ ပြိုင်ကြတာနဲ့ ပတ်သက်လို့ ဘောလုံး လောကရဲ့ အကြီးကျယ်ဆုံး စိန်ခေါ်မှုလို့ ဒဲလွိုက် ဘောလုံး သတင်း ပေးပို့ချက်က ဆိုပါတယ်။

ဝင်ငွေ တိုးလာတာနဲ့ အမျှ ဘောလုံးသမား လစာနဲ့ အသုံးစရိတ်တွေ တက်လာပါတယ်။

ဗြိတိန်ရဲ့ စီးပွားရေး ရာသီဥတု ထိုင်းမှိုင်းနေတဲ့ အတွက် ဝင်ငွေတိုးလာပေမယ့် စိန်ခေါ်မှုတွေက ရှိနေပါတယ်။