အင်တဲလ်အခြေပြု စမတ်ဖုန်းတွေ မိတ်ဆက်

Intel Orange ဓာတ်ပုံ မူပိုင် Orange

အင်တဲလ် ချစ်ပ်ပြား သုံးထားတဲ့ ဥရောပရဲ့ ပထမဆုံး စမတ် မိုဘိုင်းလ်ဖုန်းကို Everything Everywhere (EE) ဆက်သွယ်ရေး ကုမ္ပဏီက စတင် မိတ်ဆက် လိုက်ပါတယ်။

ဒီမိုဘိုင်းလ်ဖုန်းမှာ အင်တဲလ်ရဲ့ Atom Z2460 ပရိုဆက်ဆာ ကို သုံးထားပြီး ဂူဂဲလ်ရဲ့ အဲန်းဒရိုက် မိုဘိုင်းလ် စနစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

လက်ကိုင်ဖုန်းကို တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ Gigabyte က ထုတ်လုပ်ပေးတာ ဖြစ်ပြီး၊ ဥရောပမှာတော့ EE ရဲ့ လက်ခွဲ ဖြစ်တဲ့ အော့ရင့်ချ် ဖုန်းကုမ္ပဏီအနေနဲ့ စျေးကွက်တင် ရောင်းချမှာ ဖြစ်ပါတယ်။

ဥရောပဖုန်းစျေးကွက်မှာ ဗြိတိသျှကုမ္ပဏီတခုဖြစ်တဲ့ Arm Holdings ရဲ့ ချစ်ပ်ပြားတွေက လွှမ်းမိုးထားတာ ဖြစ်ပြီး အခုတော့ အင်တဲလ်က စျေးကွက်ကို စဖောက်လာတာ ဖြစ်ပါတယ်။

အင်တဲလ် ချစ်ပ်ပြားသုံးထားတဲ့ လက်ကိုင်ဖုန်းတွေကို ယူကေနိုင်ငံမှာတော့ ဇွန်လ ၆ ရက်မှာ စတင် ရောင်းချမှာ ဖြစ်ပြီး၊ နောက်ပိုင်းရက် အနည်းငယ် အတွင်းမှာတော့ ပြင်သစ်နိုင်ငံမှာ ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။