ပါလက်စတိုင်း ရုပ်ကြွင်းတွေကို အစ္စရေးက ပြန်လွှဲပေး

Image caption ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ ရုပ်ကြွင်းတွေ ပြန်ပေးခဲ့တာလို့ အစ္စရေးပြော

အစ္စရေးကို တိုက်ခိုက်တုန်းက သေဆုံးသွားခဲ့တဲ့ ပါလက်စတိုင်း လူမျိုး အယောက် ၉၀ ကျော်ရဲ့ ရုပ်ကြွင်းတွေကို အစ္စရေးကနေ ပါလက်စတိုင်း အာဏာပိုင်တွေဆီကို လွှဲပြောင်းပေး လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ရုပ်ကြွင်းတွေဟာ ၁၉၇၅ ခုနှစ်လောက်ဆီက အစ္စရေးကို စစ်ဆင်တုန်းက သေဆုံးသွားခဲ့ရတဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အသေခံ ဗုံးခွဲသမားတွေရဲ့ ရုပ်ကြွင်းတွေ ဖြစ်ကြပါတယ်။

တဖက်နဲ့တဖက် ယုံကြည်မှု တည်ဆောက်တဲ့အ နေနဲ့ အခုလို ရုပ်ကြွင်းတွေ ပြန်လည် ပေးခဲ့တာ ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

အစ္စရေး အကျဉ်းထောင်တွေမှာ အကျဉ်းကျ နေတဲ့ ပါလက်စတိုင်း ရာပေါင်း များစွာဟာ အစာငတ်ခံ ဆန္ဒပြခဲ့ကြရာကနေ အခုလ အစောပိုင်းမှာ သဘာတူညီချက် တခုရရှိခဲ့ပြီးနောက် အစာငတ်ခံ ဆန္ဒပြမှုတွေ လည်း အဆုံးသတ်သွားခဲ့ပါတယ်။

အဲဒီသဘာတူညီချက် ရဲ့ တစိတ်တပိုင်းအနေနဲ့အခုလို ရုပ်ကလပ်တွေကို ပြန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေ ဘက်ကတော့ သူတို့လူတွေဟာ သူရဲကောင်း အဖြစ် သေဆုံးခဲ့ကြရတာ ဖြစ်တယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အစ္စရေးဘက် ကတော့ ဒီလူတွေဟာ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ သေဆုံးသွားသူတွေထဲက တဦးရဲ့ မိခင်ဖြစ်သူက သူ့သားရုပ်ကြွင်းကို ပြန်ရဖို့ မျှော်လင့်ခဲ့ရာတာ ၁၆ နှစ်တောင် ရှိပြီလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ