အီဂျစ် အရေးပေါ် ဥပဒေ ပျက်ပြယ်

  • 1 ဇွန် 2012
egypt protest ဓာတ်ပုံ မူပိုင် Getty Images
Image caption ဥပဒေ ဖျက်ရေး အုံကြွ တောင်းဆိုခဲ့

အီဂျစ် လုံခြုံရေး တပ်တွေကို နှစ်ပေါင်း ၃ဝ ကြာအောင် သံသယရှိသူ တွေကို ဖမ်းဆီး ချုပ်နှောင်ခွင့်၊ အထူး တရားရုံး တွေမှာ စွဲဆိုခွင့် အကန့်အသတ်မရှိ ပေးခဲ့တဲ့ အရေးပေါ် ဥပဒေ ပျက်ပြယ် သွားပီ ဖြစ်ပါတယ်။

သမ္မတ မူဘာရက်ကို မနှစ်က ဖြုတ်ချခဲ့ ပြီးနောက် အီဂျစ် စစ်ခေါင်းဆောင် တွေကဒီဥပဒေကို ထပ်ပီး သက်တမ်း မတိုးလိုကြောင်း ပြောကြား ခဲ့ပီးနောက် ကြာသပတေးနေ့ သန်းခေါင်ယံမှာ ဒီဥပဒေ ချုပ်ငြိမ်း ခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေ ဖယ်ရှားရေးဟာ မူဘာရက် ဆန့်ကျင်တဲ့ အုံကြွမှုကို ခေါင်းဆောင်ခဲ့တဲ့ ဒီမိုကရေစီ လိုလားသူများရဲ့ အဓိက တောင်းဆိုချက် တရပ်လဲ ဖြစ်ပါတယ်။