တရုတ်ဆင်ဆာရှောင်ဖို့ Google လုပ်ဆောင်

  • 1 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၀ ကစလို့ တရုတ် ဆင်ဆာကို Google က ရင်ဆိုင်နေရပါတယ်

တရုတ်အစိုးရရဲ့ ဆင်ဆာတားမြစ်မှုကို ချိုးဖောက်နိုင်တဲ့ အသုံးအနှုံးတွေသုံးပြီး Google မှာ မရှာဖွေကြဖို့ တရုတ်နိုင်ငံထဲက Google သုံးစွဲသူတွေကို သတင်းအချက်အလက် ရှာဖွေနိုင်တဲ့ အင်တာနက် ကုမ္ပဏီ Google ဟာ သတိပေးပြောကြားလိုက်ပါတယ်။

Google မှာ အဲဒီလိုမျိုး တားမြစ်ထားတဲ့ စကားလုံးကို ရှာဖွေတဲ့ သူတွေရဲ့အင်တာနက်တွေ ယာယီပျက်တောက် မှုတွေနဲ့ ကြုံနေရပါတယ်။

ဒါကြောင့်လည်း ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် တခြားအစီအစဉ်တွေကို Google က စီစဉ်နေပါတယ်။

ဒါပေမယ့်လည်း အင်တာနက်တားမြစ်ချက်ကြောင့်လို့ မပြောပဲ နည်းပညာအရ တိုးတက် ကောင်းမွန်အောင် လုပ်တာလို့ ပြောနေပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကစလို့ တရုတ်ရဲ့ ဆင်ဆာထားရှိမှုတွေနဲ့ အင်တာနက် တိုက်ခိုက်မှု တွေကြောင့် တရုတ်ပြည်မကြီးမှာ Google ရုံးကို ပိတ်လိုက်ပြီး ဟောင်ကောင် ကနေတဆင့် အင်တာနက်ဝန်ဆောင်မှုတွေကို ပေးနေတာဖြစ်ပါတယ်။