လန်ဒန်အိုလံပစ်ကာလ မြေအောက်မှာ ဝိုင်ဖိုင်သုံးနိုင်မယ်

  • 1 ဇွန် 2012
London Underground ဓာတ်ပုံ မူပိုင် Getty

အိုလံပစ် အားကစားပြိုင်ပွဲတွေ ကျင်းပနေ တုန်းမှာ လန်ဒန်မြေအောက်ရထားလမ်းပိုင်းမှာ ဝိုင်ဖိုင် အင်တာနက် အသုံးပြုလို့ရနိုင်တော့မှာ ဖြစ်ပါ တယ်။

ဒါဟာ လန်ဒန်က မြေအောက် ရထားလမ်းပိုင်းမှာ ပထမဆုံးအကြိမ် အင်တာနက် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

လန်ဒန်က မြေအောက်ရထား ဘူတာရုံ ၈၀ မှာ ဝိုင်ဖိုင် အင်တာနက် အသုံးပြုနိုင်အောင်လို့ ဗားဂျင်း မီဒီယာ ကုမ္ပဏီက လန်ဒန် ခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မြေအောက်မှာ ဝိုင်ဖိုင်စနစ်နဲ့ အင်တာနက် သုံးလို့ရမယ် ဆိုပေမယ့်လို့ ရထားလာတာကို စောင့်ဆိုင်းနေချိန် ပလက်ဖောင်းပေါ်မှာ ရှိနေတုန်းမှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ရထားခုတ်နေတုန်းတော့ ရထားပေါ်မှာ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။

ပလက်ဖောင်းပေါ် ရထားစောင့်နေချိန် ပျှမ်းမျှ ငါးမိနစ်အောက် အချိန်အတွင်းမှာ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်း အချက်အလက် ကြည့်ရှုနိုင်တာ၊ အီးမေးလ်ပို့နိုင် ကြည့်နိုင်တာ၊ လူမှုကွန်ယက်ကို ခဏဝင်ကြည့်နိုင်တာ စတာတွေကြောင့် စမတ်ဖုန်း၊ တက်ဘလက်နဲ့ အိုင်ပက်သုံးတဲ့ ခရီးသည်တွေအကြိုက် တွေ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လန်ဒန်မြို့မှာ အိုလံပစ်ပြိုင်ပွဲ ၂၀၁၂ ကို ဇူလိုင်လ ၂၇ ကနေ သြဂုတ်လ ၁၂ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။