နိုင်ဂျီးရီးယားမှာ မြို့ထဲ လေယာဉ်ပျက်ကျ

  • 4 ဇွန် 2012
lagos ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ်ပေါ် ပါသူ အားလုံး သေဆုံး

နိုင်ဂျီးရီးယား နိုင်ငံက အကြီးဆုံး မြို့ကြီး လေဂို့စ်မှာ ခရီးသည်တင် လေယာဉ် တစင်း ပျက်ကျ လို့ လေယာဉ်ပေါ် ပါလာသူ လူ ၁၅ဝ လုံး သေဆုံးသွားပါတယ်။

အိန္ဒိယ ပိုင် ဒါနာ လေကြောင်းက ဒီစီ ၁ဝ ခရီးသည်တင် လေယာဉ်ဟာ အဘူဂျာ မြို့တော်က ပျံသန်း လာပီး စာပုံနှိပ်တိုက် တလုံးနဲ့ အဆောက်အဦးတွေပေါ် ပျက်ကျ သွားပီး မီးခိုးလုံးတွေ တက်လာတာ ဖြစ်ပါတယ်။

မြေပြင်မှာ လူသေဆုံးမှု ရှိပေမယ့် သေစာရင်း အတိအကျ ကိုတော့ မသိရပါဘူး။

လေယာဉ်ပျက်ကျ ရတဲ့အကြောင်းရင်း ကိုတော့ မသိရသေးပါဘူး။

အရင်လ ကပဲ အလားတူ ဒါနာ လေကြောင်းပိုင် လေယာဉ်တစင်း စက်ပိုင်း ချွတ်ယွင်းမှုကြောင့် လေဂို့စ်မှာ အရေးပေါ် ဆင်းသက် ခဲ့ရပါတယ်။