ထရစ်ပိုလီ လေဆိပ် ပြန်သိမ်းလိုက်နိုင်ပြီလို့ လစ်ဗျား အာဏာပိုင်ပြော

  • 5 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ အကြီးအကဲတွေ

လစ်ဗျားနိုင်ငံ ထရစ်ပိုလီ လေဆိပ်ကို လက်နက်ကိုင် သေနတ်သမားတွေ ဝင်စီးခဲ့တာကြောင့် မနေ့က တနေ့လုံး လိုလို အသွားအလာ ရပ်ဆိုင်း သွားခဲ့ပြီးတဲ့နောက် အခုတော့ သူတို့ ထိန်းချုပ် လိုက်နိုင်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

အာဏာပိုင်တွေက ရာနဲ့ချီတဲ့ စစ်ယာဉ်တွေ ပို့လွှတ်ခဲ့ပြီး သေနတ်သံတွေလည်း ကြားခဲ့ရပေမယ့် အသေအပျောက် သတင်းတွေတော့ မကြားရပါဘူး။

နည်းပညာပိုင်း ဆိုင်ရာ ကိစ္စတွေ ဖြေရှင်းဖို့ လေဆိပ်ကို ၂၄နာရီ ဆက်ပိတ်ထားဉီးမယ်လို့ လေဆိပ် အရာရှိတွေက ပြောပါတယ်။

လစ်ဗျား ပြည်ထဲရေး ဒုတိယ ဝန်ကြီး ကတော့ ရာနဲ့ချီတဲ့ လက်နက်ကိုင် သေနတ်သမားတွေကို ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ခေါင်းဆောင် တယောက် ထိန်းသိမ်းခံရပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ လက်နက်ကိုင် သေနတ်သမားတွေ စွပ်စွဲ ပြောကြားချက် အပေါ် စုံစမ်း စစ်ဆေးပေးမယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ ဥက္ကဌ မူစတာဖာ အယ် ဂျာလီလ် က သဘောတူခဲ့ကြောင်း သိရပါတယ်။