ဆန္ဒပြမှုတွေ ထိန်းချုပ်မယ့် ဥပဒေ ရုရှား အောက်လွှတ်တော် အတည်ပြု

  • 6 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှား ဒူးမား လွှတ်တော်

ရုရှားမှာ လူထု ဆန္ဒပြမှုတွေအပေါ် ထိန်းချုပ်မယ့် အငြင်းပွားဖွယ် ဥပဒေ တရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

ဒါပေမယ့် ရုရှားခေတ်သစ် နိုင်ငံရေးမှာ ဥပဒေတည်ပြုဖို့ ပထမဆုံး ကဖျက်ယဖျက် လုပ်တဲ့ အတိုက်အခံ လွှတ်တော် အမတ်တွေက ဒီဥပဒေကြမ်းကို ပြင်ဆင်ချက်ပေါင်း လေးရာနီးပါးလောက် တင်သွင်းခဲ့တာကြောင့် ဒီဥပဒေ အတည်ပြုနိုင်ဖို့ နှောက်နှေးခဲ့ရပါသေးတယ်။

လက်ရှိ အာဏာရ ယူနိုက်တက် ရုရှား ပါတီဟာ ဆန္ဒပြမှုတွေ ကျင်းပမယ့် နေရာတွေ ကျင်းပမယ့် ပုံစံတွေကို ထိန်းချုပ်လိုတာ ဖြစ်ပါတယ်။

အခု ဥပဒေသစ် အရ ခွင့်ပြုချက် မရဘဲ ကျင်းပတဲ့ ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် တိုးပြီး ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အောက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ဆွေးနွေး ငြင်းခုန်ကြမှာ ဖြစ်ပေမယ့် အတည်ပြုနိုင်ဖို့ အတွက်တော့ နည်းနည်း သံသယ ဖြစ်မိတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။