အိန္ဒိယနဲ့ အမေရိကန် ပိုမို ပူးပေါင်း သင့်ကြောင်း အမေရိကန်ပြော

  • 6 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယဟာ အာရှေဒသက သူတို့ရဲ့ အဓိက မိတ်ဆွေ နိုင်ငံ တခုဖြစ်တယ်လို့အမေရိကန်က ပြောပါတယ်

အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပက်နက်တာက အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ ကာကွယ်ရေး ဆိုင်ရာ ပူပေါင်း ဆောင်ရွက်မှုတွေကို ပိုမို ထဲထဲဝင်ဝင် ပြုလုပ်သင့် ကြောင်း ပြောကြားလိုက်ပါတယ်။

ဒါမှသာ အာရှဒေသမှာ ပိုမို တည်ငြိမ်မှု ပေးနိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

မစ္စတာ ပက်နက်တာဟာ အိန္ဓိယ ကာကွယ်ရေး ဝန်ကြီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒေလီမြို့ ညီလာခံတခုမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ပက်နက်တာရဲ့ ၂ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း နေတိုးတပ်ဖွဲ့တွေ အာဖဂန် ကနေ ၂၀၁၄ မှာ ရုပ်သိမ်းပြီးတဲ့နောက် ဒေသတွင်း တည်ငြိမ်ရေးနဲ့ အာဖဂန် လုံခြုံရေး အခြေအနေ ကိစ္စရပ်ဟာ အဓိက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ အာရှေဒသက သူတို့ရဲ့ အဓိက မိတ်ဆွေနိုင်ငံ တခုဖြစ်တယ်လို့လည်း အမေရိကန် က ပြောပါတယ်။