ဆီးရီးယားမှာ စစ်ရိပ်တွေသမ်း

  • 8 ဇွန် 2012
ban ဓာတ်ပုံ မူပိုင် Getty
Image caption ဘန်နဲ့ အာနန် လုံခြုံရေး ကောင်စီမှာ တင်ပြ

ဆီးရီးယား မှာ ပြည်တွင်း စစ်မီးကြီး တောက်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရပီမို့ လူမဆန်တဲ့ စစ် ရာဇဝတ်မှုတွေ ဖြစ်ပွား မှာကို ဘန်ကီမွန်က သတိပေး ခဲ့ပါတယ်။

ဆီးရီးယား အစိုးရကို ဖိအား ဒိထက် တိုးပေးဖို့လဲ နိုင်ငံတကာ အထူး ကိုယ်စားလှယ် ကိုဖီအာနန် က ဆော်သြ ထားပါတယ်။

ပဋိပက္ခ အရှိန် မြှင့်လာတာ နဲ့ ပတ်သက်ပီး လုံခြုံရေး ကောင်စီမှာ ဆွေးနွေး နေကြပေမယ့် အဖွဲ့ဝင် နိုင်ငံတွေ အကြားမှာ ကွဲလွဲမှု တွေ ရှိနေတာက ထင်ရှားတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အမေရိကန်က တိတိကျကျ အရေးယူဖို့ ပြောနေချိန်မှာ ရုရှနဲ့ တရုတ် တို့ကတော့ ပြည်ပက ဝင်စွက်ဖက်မှာကို ဆက်လက် ဆန့်ကျင် နေတုန်း ဖြစ်ပါတယ်။