ယူရိုဇုန် ပြဿနာ အမြန် အဖြေရှာဖို့ အိုဘားမား ပြောပြီ

  • 9 ဇွန် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption ပြဿနာ အမြန် ဖြေရှင်းဖို့ ဥရောပ ခေါင်းဆောင်တွေကို အိုဘားမား တိုက်တွန်း

ဥရောပ နိုင်ငံတွေ အနေနဲ့ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို အမြန်ဆုံးနည်းနဲ့ ဖြေရှင်းကြပါလို့ အမေရိကန် သမ္မတ အိုဘားမားက ဥရောပ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီပြဿနာကို ဖြေရှင်း နိုင်ဖို့ ခက်ခဲကောင်း ခက်ခဲမှာ ဖြစ်ပေမယ့် နည်းလမ်း ရှာတွေ့နိုင်မှာပါလို့ သူက သတိပေးခဲ့သလို ဥရောပ ခေါင်းဆောင်တွေဟာ ဆိုးရွားနေတဲ့ အခြေအနေကို နားလည်သင့်ပြီး ချက်ချင်း ကိုင်တွယ် ဖြေရှင်းဖို့ လိုနေပြီလို့ သူက အလေးအနက်ထား ပြောသွားခဲ့ ပါတယ်။

ဘဏ္ဍာရေး ယိမ်းယိုင်နေတဲ့ ဘဏ်တွေကို ငွေရင်းနှီး ပံ့ပိုးပေးဖို့ လိုတယ်လို့ မစ္စတာ အိုဘားမားက အထူးတလည် ထောက်ပြ ပြောသွားခဲ့ ပေမယ့် အလုပ်အကိုင်သစ် ဖန်တီးနိုင်ဖို့ကိုလည်း အဓိက ဉီးစားပေးသင့်တယ်လို့ ဆိုပါတယ်။

ဥရောပ စီးပွားရေး ပြဿနာက ဒီနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် အမေရိကန် စီးပွားရေး တိုးတက်မှုကို ရိုက်ခတ်လာနေတာကို သမ္မတ အိုဘားမား စိုးရိမ်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။