ပြင်သစ် ရွေးကောက်ပွဲ ဆိုရှယ်လစ် သာနေ

  • 11 ဇွန် 2012
france ဓာတ်ပုံ မူပိုင် AFP
Image caption ဆိုရှယ်လစ် အများစု အသာစီး ရ

ပြင်သစ် လွှတ်တော် ရွေးကောက်ပွဲ နောက်ဆုံး မဲရေတွက် မှု တွေအရ သမ္မတ အော်လန်းရဲ့ ဆိုရှယ်လစ် ပါတီက အသာစီး ရနေပါတယ်။

နောက်တပတ်မှာ အဆုံးအဖြတ် ပေးမယ့် ဒုတိယ အကျော့ မဲပေးပွဲ လုပ်မှာပါ။

မစ္စတာ အော်လန်း အနေနဲ့ ယူရိုဇုန် အကျပ်အတည်း ထဲက ရုန်းထွက်ဖို့ အတွက် ဘဏ္ဍာရေး ဖြတ်တောက်မှု တွေနဲ့ အခွန် အတုပ် အသစ်တွေ ကောက်ဖို့ အောက်လွှတ်တော်ကို ကွပ်ကဲ ရမှာ ဖြစ်ပါတယ်။

ဧပြီလ သမ္မတ ရွေးကောက်ပွဲတွေ ထက် မဲပေးမယ့်သူ နည်းမယ်လို့ အစောပိုင်းက ယူဆ ခဲ့ကြပါတယ်။

နိုင်ငံခြားက ဝင်လာသူ တွေကို ဆန့်ကျင်တဲ့ အမျိုးသားရေး တပ်ဦးလဲ ထောက်ခံမှု အတော်တက် လာတယ်လို့ သိရပါတယ်။