နေတိုး လမ်းကြောင်း ပါကစ္စတန် ဖွင့်မပေး

  • 12 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption နေတိုး လမ်းကြောင်း ဖွင့်မှာကို ကန့်ကွက်သူ

ပါကစ္စတန် ကရာချိ ဆိပ်ကမ်း ကနေ အာဖဂန် နစ္စတန်ကို နေတိုး ထောက်ပံ့ရေး လမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ပါကစ္စတန် နဲ့ ဆွေးနွေးပွဲတွေ မအောင်မြင်ဘဲ အမေရိကန်ဘက်က ရုပ်သိမ်း ခဲ့ရပါတယ်။

မနှစ် နိုဝင်ဘာ လက အာဖဂန် နယ်ခြား စခန်း တခုမှာ ပါကစ္စတန် စစ်သား ၂၄ ယောက်ကို အမေရိကန် ဘက်က မှားယွင်း သတ်ဖြတ် ခဲ့မှု အတွက် ပါကစ္စတန် ဘက်က ဒီ လမ်းကြောင်းတွေ ပိတ် ထားခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်ကို စစ်လက်နက် ထောက်ပံ့ရေး လမ်းကြောင်း ဖွင့်ဖို့ နေတိုး အဖွဲ့နဲ့ အာရှ အလယ်ပိုင်း သုံးနိုင်ငံက အစိုးရတွေ သဘောတူ ညီမှု ရပီးနောက် ပါကစ္စတန်နဲ့ ဆွေးနွေးမှု မအောင်မြင် ခဲ့တာပါ။