စပိန် ဘဏ်တွေကို ယူရိုဇုံက ငွေချေးဖို့ ဆုံးဖြတ်

  • 11 ဇွန် 2012
Spain ဓာတ်ပုံ မူပိုင် AFP
Image caption စပိန် စီးပွားရေး အခြေအနေကြောင့် မေဒေးမှာ ဆန္ဒပြ

စပိန်နိုင်ငံမှာ ပြဿနာရင်ဆိုင်နေရတဲ့ ဘဏ်တွေကို ချေးငွေထုတ်ချေးဖို့ ယူရိုငွေကြေးဇုန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဥရောပ အာရှ စတော့စျေးကွက်မှာ အခြေအနေ ကောင်းမွန်လာပါတယ်။

လန်ဒန်၊ ဖရန့်ဖာ့တ်နဲ့ မဒရစ်ဒ်တို့မှာ ရှယ်ယာစျေးပြန်လည်တည်ငြိမ်လာတာတွေ့ရပါတယ်။

အာရှစတော့စျေးကွက်ညွှန်းကိန်းကတော့ ၂ ရာနှုန်းမြင့်တက်လာပါတယ်။

စပိန်အစိုးရချေးငွေ အပေါ်အတိုးနှုန်းကိုလည်း လျော့ချပေးခဲ့ပြီးနောက်မှာ ယူရိုနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းမှာ ယူရိုငွေ စျေးပြန်တက်လာခဲ့ပါတယ်။

ဒါပေမဲ့ ဂရိ နိုင်ငံရေး အခြေအနေ ပြန်လည် ကောင်းမွန်တည်ငြိမ်ရေး အပါအဝင် ယူရိုဇုံဟာ အခက်အခဲပေါင်း များစွာကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ