BBC navigation

ဆီးရီးယားမှာ ကလေးတွေကို လူသားဒိုင်းသဖွယ်သုံးနေ

နောက်ဆုံး ရေးသားချိန် 12 ဇွန်လ 2012 - 01:05 GMT
ဆီးရီးယားတင့်ကား ဖျက်ဆီးခံရ

ဆီးရီးယားတင့်ကား ဖျက်ဆီးခံရ

ဆီးရီးယားနိုင်ငံမှာ အစိုးရစစ်တပ်နဲ့ အတိုက်အခံတို့ကြား တိုက်ခိုက်မှုတွေအတွင်း အစိုးရဘက်က ကလေးတွေကို လူသားဒိုင်းလို အသုံးပြုပြီး တင့်ကားတွေပေါ် စီးနင်း လိုက်ပါစေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ စွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် ကလေးတွေရဲ့ ကျောင်းတွေ ဆေးရုံတွေမရှောင် အစိုးရတပ်တွေက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေကြေမှုတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။ တိုက်ခိုက်ရေးမှာ အရပ်သားတွေကို စစ်သားနဲ့မခွဲဘဲ ဖမ်းဆီးတာ နှိပ်စက်တာတွေကြောင့် မိသားစုတွေနဲ့အတူ ကလေးတွေ ဒုက္ခရောက်ရတယ်လို့ လည်းထောက်ပြဝေဖန်ပါတယ်။

ဆီးရီးယား အတိုက်အခံစစ်တပ်ကလည်း ကလေးတွေကို ဆေးတပ်လို ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သုံးကြောင်း တိုက်ခိုက်ရေးမှာတော့ သုံးတာမတွေ့ရကြောင်း ကလေးသူငယ်နဲ့ စစ်ရေးပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်က ဘီဘီစီကိုပြောပါတယ်။

အလားတူဖြစ်ရပ်တွေကို အီရတ်နဲ့ အာဖဂန်နိုင်ငံတွေမှာလည်းမြင်တွေ့ရတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ကုလသမဂ္ဂ အစီအရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။