ရွေးကောက်ပွဲသစ်ကျင်းပရေး ရုရှားမှာ ဆန္ဒပြတောင်းဆို

  • 12 ဇွန် 2012
Image caption လူပေါင်း ၁ သိန်းလောက် ပါဝင် ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲ စည်းရုံးသူ တဦးက ပြောပါ တယ်

ရုရှားနိုင်ငံမှာ အတိုက်အခံတွေကို ထောက်ခံသူ လူအုပ်တွေဟာ မြို့တော် မော်စကို လမ်းမတွေပေါ် ထွက်လာကြပြီး ရွေးကောက်ပွဲ အသစ် ပြန်ကျင်းပရေး တောင်းဆို ဆန္ဒပြနေကြ ပါတယ်။

ဗလာဒီမာ ပူတင် မေလက သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီး နောက်ပိုင်း အခု ဆန္ဒပြပွဲဟာ အကြီးမား ဆုံးသော ဆန္ဒပြမှု ဖြစ်ပြီး၊ လူပေါင်း ၁ သိန်းလောက် ပါဝင် ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲ အတွက် စည်းရုံးသူ တဦးက ပြောပါတယ်။

ဒါပေမယ်လို့ ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက် ကတော့ ဒီအရေ အတွက်ထက် ပိုနည်းတယ်လို့ ဆိုပါတယ်။ မစ္စတာပူတင် ကတော့ တိုင်းပြည်ကို အင်အား နည်းအောင်နဲ့ အကွဲအပြဲ ဖြစ်အောင် လုပ်ဆောင်မှု တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ရုပ်မြင် သံကြားကနေ ပြောကြား သွားပါတယ်။

ပြီးခဲ့တဲ့ မတ်လကပဲ ရွေးကောက်ပွဲမှာ မဲ မသမာမှုတွေရှိလို့ဆိုပြီး ရုရှားပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီ မဲမသာမာမှုတွေ ရှိလို့ ဆိုပြီး ဆန္ဒပြနေတဲ့ ကြားကပဲ မစ္စတာပူတင်ဟာ ရုရှားသမ္မတ သက်တမ်းကို ၃ ကြိမ်မြောက် အနိုင်ရခဲ့ ပါတယ်။

အခုလို ဆန္ဒပြလုပ်ရပ်တွေဟာ လူမှုရေးနဲ့ စီးပွားရေးကို ထိခိုက်မှုတွေ ဖြစ်စေ နိုင်တယ်လို့ မစ္စတာ ပူတင်က ပြောပါတယ်။ ဆန္ဒပြ ဥပဒေချိုးဖောက်တဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူ ဒဏ်ခတ်ဖို့ တင်းကျင်တဲ့ ဥပဒေ တရပ်ကို ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ အပတ်ကပဲ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ဆန္ဒပြမှုတွေ စတင်ခဲ့တဲ့ အချိန်မှာပဲ တချို့သော ရုရှားက လွတ်လပ်တဲ့ သတင်း အေဂျင်စီတွေ နဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်တွေဟာ ပျက်သွားခဲ့ပါတယ်။ ရုရှား ရုပ်မြင်သံကြား ဌာနတခုက ပြောတာကတော့ ဒါဟာ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ