ဥရောပ ဖလား ဘောပွဲ အဓိကရုဏ်း

  • 13 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှ ပရိသတ် မြို့ထဲ လှည့်တာကစ

ပိုလန် နိုင်ငံ ဝါဆောမှာ ဥရောပ ဖလား ဗိုလ်လုပွဲ အုပ်စု ၁ ကစားပွဲ မကျင်းပ ခင်မှာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မီးသတ်ပိုက် မျက်ရည်ယို ဗုံးနဲ့ ရာဘာ ကျည်ဆန်တွေ သုံးပီး ပိုလန်နဲ့ ရုရှ ဘောလုံးသင်း ပရိသတ်ကို ဖြို ခွဲ ခဲ့ရပါတယ်။

အနည်းဆုံး ၁ဝ ယောက် ဒဏ်ရာရပီး လူ တရာကျော် အဖမ်း ခံ နေရပါတယ်။

ရုရှ အမျိုးသား နေ့မှာ ထောင်နဲ့ချီတဲ့ ရုရှ ဘောလုံး သင်း ပရိသတ်တွေ ဝါဆော မြို့ထဲ လှည့်လည် နေကြတာကို စော်ကားတာလို့ ယူဆတဲ့ ပိုလန် လူမျိုးတွေနဲ့ အချင်းများ ရာက ရန်ပွဲ စခဲ့တာပါ။

ရုရှ ကပိုလန်ကို ရာစု နှစ်တွေနဲ့ ချီပီး အုပ်စိုး လာခဲ့ တဲ့ အတွက် သမိုင်း ကြောင်းအရ မုန်းတီးမှု ရှိပါတယ်။

ဘောလုံးပွဲက တော့ တဂိုးစီနဲ့ သရေကျ သွားခဲ့ပါတယ်။