အမျိုးသမီးတွေ အတွက် ဘယ်နိုင်ငံ အကောင်းဆုံးလဲ

  • 13 ဇွန် 2012
Indian Women ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယ နိုင်ငံမှာ အမျိုးသမီးတွေ အခွင့် အရေး ထိခိုက်နေ

အမျိုးသမီးတွေ အတွက် ဘယ်နိုင်ငံ အကောင်းဆုံးလဲ ဆိုတဲ့ စစ်တမ်း ကောက်ယူ မှုကို ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ ပေါင်း ၁၉ နိုင်ငံမှာ ပြုလုပ် ခဲ့ရာမှာ အိန္ဒိယ နိုင်ငံဟာ အမျိုးသမီးတွေ အတွက် အဆိုးဝါးဆုံး နိုင်ငံ ဖြစ်ပြီး ဆော်ဒီ အာရေဗျ နိုင်ငံက ဒုတိယ အဆိုးဆုံး ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

Thomson Reuters Foundation အဖွဲ့က ကောက်ယူတဲ့ စစ်တမ်းဟာ အမျိုးသမီးတွေ အတွက် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အစ အလုပ် အကိုင် အခွင့် အလမ်းနဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု စတဲ့ အကြောင်း ချင်းရာ အတော် များများကို လေ့လာ ခဲ့တာဖြစ် ပါတယ်။

အိန္ဒိယ နိုင်ငံက အနိမ့် ဆုံးနေရာမှာ ရှိနေ တာဟာ မိန်းကလေး မလိုချင်တဲ့ အတွက် မိန်းကလေးတွေကို မွေးကင်းစ အရွယ်မှာ သတ်ဖြတ်မှု၊ အရွယ် မရောက်ခင် အိမ်ထောင် ကျမှုနဲ့ ကျေးကျွန် ပြုမှု တို့ကြောင့် ဖြစ်တယ်လို့ စစ်တမ်း က ဆိုပါတယ်။

ကနေဒါ နိုင်ငံ ကတော့ အမျိုး သမီးတွေ အတွက် အကောင်းဆုံး နေရာ ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။