အီရတ် တိုက်ခိုက်မှု လူ ၈၀ သေဆုံး

  • 13 ဇွန် 2012
Iraq Blasts ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ်မှာ ပေါက်ကွဲမှု တွေကြောင့် တွေ့ရတဲ့ အပျက် အစီးများ

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ နိုင်ငံ တောင်ပိုင်း မှာ ရှိတဲ့ ရှီအိုက် တွေကို အဓိက ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၈၀ ထက် မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

ပေါက်ကွဲမှု တွေဟာ ရှာ မွတ်ဆလင်တွေ အတွက် အရေးကြီးတဲ့ ဘာသာရေး ပွဲတော် အတွက် စုရုံး ရောက်ရှိ နေကြတဲ့ ဘက်ဂ္ဂဒက် မြို့တော်က နေရာ ပေါင်း ၁၀ နေရာမှာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းက ဟေလာ(Hilla) မြို့မှာတော့ ရဲတွေ မကြာခဏ သွားလေ့ရှိတဲ့ စားသောက်ဆိုင် ရှေ့မှာ ကားဗုံး ပေါက်ကွဲမှု နှစ်ခု ဖြစ်ခဲ့တဲ့ အတွက် လူပေါင်း ၂၀ နီးပါး သေဆုံးခဲ့ ပါတယ်။

အီရတ် နိုင်ငံက ရှီယာ ဝန်ကြီးချုပ် နိုရီ အယ်လ် မာလီကီ Nouri al Maliki ကို အယုံအကြည် မရှိကြောင်း အဆိုတင်သွင်းဖို့ အတိုက်အခံ လွှတ်တော် အမတ်တွေ ကြိုးပမ်းနေ တဲ့ အတွက် နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ အချိန်မှာ ဒီတိုက်ခိုက်မှုတွေ ပေါ်ပေါက် လာတာလည်း ဖြစ်ပါတယ်။