အီဂျစ် ဝန်ကြီးချုပ်ဟောင်း ရွေးကောက်ပွဲ ဝင်ခွင့်ရ

  • 14 ဇွန် 2012
Former Prime Minister Ahmed Shafiq ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတဟောင်း မူဘာရက် လက်ထက်က ဝန်ကြီးချုပ် ရွေးကောက်ပွဲ ပါခွင့်ရ

လာမယ့် သီတင်းပတ် ကုန်အတွင်း အီဂျစ် နိုင်ငံမှာ ပြန်လည် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မှာ သမ္မတဟောင်း မူဘာရက် လက်ထက်က ဝန်ကြီးချုပ်ဖြစ်ခဲ့သူ အာမက် ရှာဖစ် Ahmed Shafiq ကို ဆက်လက် ပါဝင်ခွင့် ပေးဖို့ အခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ်လိုက် ပါတယ်။

ယခင် အစိုးရ အဖွဲ့မှာ ပါဝင်ခဲ့သူတွေ ကို သမ္မတ ရွေးကောက်ပွဲ မှာ ပါဝင်ခွင့် မပြုရ ဆိုတဲ့ ဥပဒေကို ပြီးခဲ့တဲ့ ဧပြီလက စတင် ကျင့်သုံး ခဲ့ အပြီးမှာ သူပါဝင်ယှဉ်ပြိုင်ရေးနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာ ဖြစ်လာ ပါတယ်။

အဲဒီ ဥပဒေ ဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူး လို့ တရားရုံးက ဆုံးဖြတ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ