အီဂျစ် ရွေးကောက်ပွဲ ပြန်လုပ်ရမယ်

  • 15 ဇွန် 2012
egypt ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တပ်က အာဏာသိမ်းဖို့ ကြံတာလို့ စွပ်စွဲ

မနှစ်က ကျင်းပခဲ့တဲ့ အီဂျစ် ရွေးကောက်ပွဲဟာ အခြေခံ ဥပဒေနဲ့ မညီတဲ့ အတွက် ရွေးကောက်ပွဲ အသစ်လုပ်ဖို့ အီဂျစ် တရား လွှတ်တော်ချုပ်က အမိန့်ချ လိုက်တဲ့ သတင်းဟာ တိုင်းပြည်မှာ အတော် ရိုက်ခတ် သွားပါတယ်။

သမ္မတဟောင်း မူဘာရက်ခေတ်က နောက်ဆုံး ဝန်ကြီးချုပ် လုပ်ခဲ့သူ အာမက် ရှာဖစ် သမ္မတလောင်း အရွေးခံခွင့် ကိုလဲ အတည်ပြု လိုက်ပါတယ်။

ဒုတိယ ကျော့ သမ္မတလောင်း ရွေးပွဲ မတိုင်ခင် ၂ ရက် အလိုမှာ ဒီလို ချမှတ် ခဲ့တာဟာ ဥပဒေပြု အာဏာကို စစ်ကောင်စီ လက် ပြန်အပ် လိုက်တာနဲ့ အတူတူ ပါပဲ။

နိုင်ငံရေး လှုပ်ရှားသူ တွေကတော့ စစ်တပ်က အာဏာသိမ်းဖို့ ကြံတာလို့ စွပ်စွဲ ကြပါတယ်။

အမရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ဒီမို ကရေစီ နည်းကျ ရွေးချယ် ထားတဲ့ အစိုးရကို အာဏာ အပြည့်အဝ လွှဲပြောင်းပေးဖို့ တောင်းဆို ထားပါတယ်။