ဂါဇာမြေ ရေမသန့်လို့ ခလေးတွေ ဝမ်းလျှော

  • 14 ဇွန် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ယူကေက Save the Children အဖွဲ့ကြီး

ဂါဇာ ဒေသမှာ တခုတည်းသော နည်းလမ်းနဲ့ရတဲ့ သောက်သုံးရေဟာ ဓါတု ဓါတ်မြေသြဇာနဲ့ လူ့အညစ်အကြေးတွေကြောင့် သောက်သုံးဖို့ အရမ်းကို အန္တရာယ် များလွန်းနေတယ်လို့ လူမှု ကယ်ဆယ်ရေး ပရဟိတ အဖွဲ့တွေက သတိပေးထားပါတယ်။

စစ်မက် ဖြစ်ပွားမှုနဲ့ရဲ့ ဆိုးကျိုးနဲ့ အတူ သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ ငွေကြေးထုတ် သုံးစွဲမှု မရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ကလေး အတော်များများ ဝမ်းပျက်ဝမ်းလျှော ရောဂါ ခံစားခဲ့ရတယ်လို့ Save the Children အဖွဲ့နဲ့ Medical Aid for Palestinians လူမှုကယ်ဆယ်ရေး အဖွဲ့ တွေက ပြောပါတယ်။

အစ္စရေးရဲ့ ဗုံးဒဏ်ကြောင့် ဂါဇာဒေသက ရေပုတ်ရေဆိုး ထုတ်တဲ့ စံနစ် ပျက်ဆီး သွားခဲ့တယ်လို့ ဆိုပါတယ်။

ငါးနှစ်လောက် ပိတ်ထားခံရတဲ့ ဂါဇာဒေသကို လွန်ခဲ့တဲ့ လတွေ အတွင်း လျော့လျော့ပေါ့ပေါ့နဲ့ ပြန်ဖွင့်ပေးခဲ့ပြီး ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဆောက်လုပ်ရေးနဲ့ တခြား ပစ္စည်းတွေ သွင်းခွင့် ပေးခဲ့ ပါတယ်လို့ အစ္စရေး ဖက်က ပြောနေပါတယ်။