ဆီးရီးယား နောက်ဆုံး အခြေ အနေ

  • 14 ဇွန် 2012
Damaged UN vehicle ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်ခံခဲ့ ရတဲ့ ကုလသမဂ္ဂ ရဲ့ကားကို တွေ့ရစဉ်

ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေ အကြီးအကျယ် ဗုံးကျဲ တိုက်ခိုက် ခဲ့ပြီးတဲ့နောက် အစိုးရကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမားတွေ ထွက်ခွါ သွားခဲ့တဲ့ ဟာဖာ Haffa မြို့ကို ကုလ သမဂ္ဂ စောင့်ကြည့် လေ့လာ သူတွေ ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ် ပါတယ်။

အဲဒီမြို့မှာ နောက်ထပ် အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုတွေ လုပ်ဖို့ ကြံစည်ခဲ့ကြတယ်လို့ နှစ်ဘက် စလုံးက အပြန် အလှန် စွပ်စွဲ နေခဲ့ကြပါတယ်။

ဒမားစ်ကပ်စ် မြို့တော် ဆင်ခြေဖုံးက ရှီယာ မွတ်ဆလင် ဘုရားကျောင်းနဲ့ ရဲစခန်း အနားမှာ ကားဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူ ၁၀ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရ သတင်းတွေမှာ ကြေညာခဲ့ ပါတယ်။

သံရေး တမန်ရေး အရ နောက်ဆုံး ကြိုးပမ်းမှု တစ်ရပ်မှာ ရုရှား နိုင်ငံ ဆိုင်ရာ ဆီးရီးယား သံအမတ်ကြီးက သူ့ အဆို ဆီးရီးယားကို နေတိုး မဟာမိတ် တပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်မှာကို ရပ်တန့် ရေး ရုရှား အစိုးရက ကူညီ ဆောင်ရွက် နေတယ်လို့ ဘီဘီစီကို ပြော ပါတယ်။