ခိုးဝင်လာတဲ့ လူငယ်တွေ ကန် ပြန်မပို့တော့

  • 16 ဇွန် 2012
immigration ဓာတ်ပုံ မူပိုင် Getty
Image caption ပြန်ပို့မှုကို ဆန္ဒပြ

အမေရိကန် နိုင်ငံထဲ ကလေး ဘဝနဲ့ တရားမဝင် ရောက်လာတဲ့ သူတွေဟာ အသက် ၃ဝ အောက် ရှိကြောင်း သက်သေ ပြနိုင်ရင်၊ ပြစ်မှု ကင်းရှင်းရင် နောက် ပညာ သင်ကြား နေတယ်ဆိုရင် နေရပ် ပြန်မပို့တော့ဘူး လို့ အမေရိကန် အစိုးရက ကြေညာ လိုက်ပါတယ်။

အမေရိကန် လို ကြီးပြင်း လာပီး အရည်အချင်းရှိတဲ့ လူငယ်တွေကို ပြန်လွှတ်တာ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ လွတ်ငြိမ်းချမ်းသာခွင့် လဲမဟုတ်၊ နိုင်ငံသား ဖြစ်ရေး လမ်းကြောင်းလဲ မဟုတ်ပေမယ့် လတ်တလောမှာ လုပ်သင့်တဲ့ ကိစ္စ ကို လုပ်တာသာ ဖြစ်တယ်လို့ သူက အလေးထား ပြောဆိုပါတယ်။

ကွန်ဂရက်စ် လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် လက်တင် နွယ်ဖွား အများစု ဖြစ်တဲ့ လူ ၈ သိန်း လောက် အကျိုး ခံစားရမယ် လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ နှစ်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေကြား ဒီကိစ္စဟာ အဓိက အငြင်းပွား စရာ ဖြစ်လာမှာပါ။