ဆီးရီးယား ကုလစောင့်ကြည့်ရေးအဖွဲ့ အလုပ်မဖြစ်

  • 15 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက်မှုတွေ ချက်ခြင်းအဆုံးသတ်ဖို့ ဗိုလ်ချုပ် ရောဘတ်မုဒ်က တောင်းဆိုလိုက်ပါတယ်

ဆီးရီးယား နိုင်ငံမှာ အကြမ်းဖက်မှုတွေ အရှိန် မြင့်တက် လာနေတာကြောင့် ကုလသမဂ္ဂရဲ့ ဆီးရီးယား ငြိမ်းချမ်းရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်ပဲ အကန့် အသတ် ဖြစ်နေတယ်လို့ အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ် ရောဘတ်မုဒ်က ပြောကြား လိုက်ပါတယ်။

ဆီးရီးယား ပဋိပက္ခမှာ ပါဝင်နေတဲ့ အစိုးရနဲ့ သူပန်နှစ်ဘက်စလုံးဟာ စစ်ရေးအရ အသာစီးရရေး အဓိက ထားနေကြတာဖြစ်လို့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြိုးပမ်း ဆောင်ရွက်ကြဖို့ ဆန္ဒမရှိ ဖြစ်နေကြတယ်လို့ ဗိုလ်ချုပ် ရောဘတ်မုဒ်က ပြောပါတယ်။

ဒမားစကပ်စ်မြို့မှာ ပြောကြားရာမှာ ဗိုလ်ချုပ် ရောဘတ်မုဒ်က အကြမ်းဖက်မှုတွေ ချက်ခြင်း အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် နှစ်ဘက်စလုံးမှာ ဆုံးရှုံးမှုတွေ ဖြစ်စေပြီး၊ အရပ်သားတွေလည်း အသက် ဆုံးရှုံးနေရတယ်လို့ သူက ပြောကြားသွားပါတယ်။

သက်ဆိုင်သူ အားလုံးအနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင် အထည်ဖေါ် ဆောင်ရွက်ကြဖို့ ဗိုလ်ချုပ် ရောဘတ်မုဒ်က တိုက်တွန်း လိုက်ပြီး သူ့အဆို ဒီအစီအစဉ်ဟာ ငြိမ်းချမ်းရေး အဖြေရှာဖို့ အတွက် အသုံးဝင်နေဆဲ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ