အီဂျစ်မှာ ဒုတိယအကျော့ ရွေးကောက်ပွဲ ကျင်းပ

  • 16 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မဲလာပေးသူတွေဟာ အသက်ကြီးသူတွေ ဖြစ်

အီဂျစ်နိုင်ငံမှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို ကျင်းပနေပြီ ဖြစ်ရာ အီဂျစ် ပြည်သူတွေ မဲပေးနေကြပြီ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ အရင် ဝန်ကြီးချုပ်ဟောင်း Ahmed Shafiq နဲ့ မူဆလင် ညီနောင်များအဖွဲ့က Mohamed Morsi တို့ အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ ပွဲဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ အနိုင်ရသူဟာ ပြီးခဲ့တဲ့နှစ်က ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ Hosni Mubarak နေရာကို လက်ခံ ရယူရမှာ ဖြစ်ပါတယ်။

ပြီးခဲတဲ့နှစ်တုန်းက အစိုးရ ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ စတင်ခဲ့သူ လူငယ်တွေကတော့ ဒီသမ္မတလောင်း နှစ်ဦးထဲကနေ ရွေးချယ် မဲပေးရမှာကို သိပ်စိတ်မပါကြဘူးလို့ ကိုင်ရိုမြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မဲပေးခဲ့သူ အများစုကတော့ အသက်ကြီးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့တုန်းကတော့ ပြီးခဲ့တဲ့နှစ် ပါလီမန် ရွေးကောက်ပွဲတွေဟာ အခြေခံ ဥပဒေနဲ့ မညီတဲ့အတွက် ဖျက်သိမ်းကြောင်း လွှတ်တော် တရားရုံးချုပ်ကနေ အမိန့် ထုတ်ပြန်လိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ