ခြိုးခြံမယ့် အစိုးရကို ရွေးကြဖို့ ဂရိတွေကို မာကဲလ် တိုက်တွန်း

  • 17 ဇွန် 2012
merkel ဓာတ်ပုံ မူပိုင် Getty
Image caption ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က သတင်း ၆ ပတ်အတွင်း ဒုတိယအကြိမ် အဖြစ် တနင်္ဂနွေ နေ့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ခြိုးခြံ ချွေတာရေး အစီအမံ တွေကို ဆက်လုပ် သွားမယ့် အစိုးရသစ်ကို မဲပေး ရွေးချယ် ကြဖို့ အတွက် ဂရိ မဲဆန္ဒရှင် တွေကို တိုက်တွန်း လိုက်ပါတယ်။

မစ္စစ် မာခဲလ်က သူမရဲ့ ဗဟို လက်ယာယိမ်း ပါတီ ရဲ့ ဒေသဆိုင်ရာ အစည်းအဝေးမှာ ဥရောပ နိုင်ငံတွေအနေနဲ့ အာမခံချက် တွေပေးပြီး လိုက်မလုပ်ဘဲ နေကြတာတွေ ကိုလုပ်နေလို့ မရတော့တဲ့ အကြောင်း ပြောပါတယ်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့နဲ့ ဥရောပ နိုင်ငံတွေက ပေးထားတဲ့ ကူငွေ တွေနဲ့ ပတ်သက်လို့ သူတို့ တောင်းဆိုထား ကြတဲ့ ခြိုးခြံ ချွေတာရေး အစီအမံ တွေကို မလိုက်နာမဲ့ အစိုးရကိုသာ မဲပေးခဲ့ကြလို့ ကတော့ ဂရိ နိုင်ငံဟာ ယူရိုအဖွဲ့ထဲက နေထုတ်ပယ် ခံရတဲ့ အဖြစ်မျိုး ကို ရောက်လာ နိုင်ပါတယ်

ဒီသတင်းနဲ့ပတ်သက်သမျှ