ဂရိ ရွေးကောက်ပွဲ အနိုင် စာရင်း ထွက်ပေါ်

  • 18 ဇွန် 2012
greece
Image caption မဲစာရင်း အတွက် စိတ်စော နေသူများ

၆ ပတ်တွင်း ဒုတိယ အကြိမ် လုပ်တဲ့ ဂရိ ရွေးကောက်ပွဲမှာ ဗဟို လက်ယာယိမ်း ဒီမိုကရေစီ သစ် ပါတီ နိုင်သွားပီလို့ ပါတီ ခေါင်းဆောင် အန်ဒေါ်နစ် ဆာမရပ်စ်က ကြေညာ လိုက်ပါတယ်။

ဂရိ နိုင်ငံအနေနဲ့ ယူရိုဇုန်ထဲ ဆက်ပီး နေလိုတဲ့ ဆန္ဒကို ထုတ်ပြလိုက်တာပဲ ဆိုပီး တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာ ဆာမရပ်စ်က ဂုဏ်ပြု ပါတယ်။

ဒီလို သန္နိဋ္ဌာန် ချထားတဲ့ ပါတီ တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ တည်ငြိမ်တဲ့ အစိုးရ သစ်ဖွဲ့ဖို့ သူက ဆော်သြ လိုက်ပါတယ်။

လက်ဝဲယိမ်း ဆိုင်ရီဇာ ပါတီ ခေါင်းဆောင် အလက်ဆစ် ဆီးပရက်စ်ကတော့ ညွန့်ပေါင်း အစိုးရမှာ ပါမှာမဟုတ်ဘဲ ယူရိုဇုန် ကယ်ဆယ်ရေးက ထုတ်ချေးတဲ့ ငွေတွေအတွက် ချိုးခြံ ချွေတာရေး အစီအစဉ်ကို ဆက်ပီး ဆန့်ကျင် သွားမယ်လို့ ဆိုပါတယ်။

ဂရိ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆို လိုက်ပီး အစိုးရ အမြန်ဖွဲ့ဖို့ တောင်းဆို လိုက်ကြပါတယ်။

ဂရိ နိုင်ငံ အကျပ်အတည်း တွေက ရုန်းထွက် နိုင်ဖို့ အကောင်းဆုံး နည်းက စီးပွားရေး ပြုပြင်မှု လုပ်ဖို့ပဲ လို့ ယုံကြည်နေဆဲ ဖြစ်ကြောင်း ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးများ အဖွဲ့ အကြီးအကဲ ယန်း ကလောက် ယန်ကာက ဆိုပါတယ်။

အားလုံးက ဂရိကို ယူရိုဇုန်ထဲ မှာ ဆက်နေစေချင်ကြောင်းလည်း အမေရိကန် ပြည်ထောင်စုက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ