စစ်ကောင်စီ ကြေညာချက် အီဂျစ် အတိုက်အခံတွေ မကျေနပ်

  • 18 ဇွန် 2012
Egypt
Image caption အီဂျစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတဉီး

အီဂျစ်မှာ သမ္မတ ရွေးကောက်ပွဲ ရလဒ် က အငြင်းအခုံ ဖြစ်နေကြဆဲရှိတဲ့ အချိန် လက်ရှိ အာဏာပိုင် စစ်ကောင်စီ က ထုတ်ပြန် တဲ့ ကြေညာချက် ကြောင့် အီဂျစ် အတိုက်အခံတွေ က ဒါဟာ စစ်အာဏာသိမ်း ဖို့ လုပ်နေတာ လို့တောင် စွပ်စွဲ နေကြပါတယ်။

စစ်ကောင်စီ ရဲ့ ကြေညာချက် အသေးစိတ် ကို လာမယ့် နာရီပိုင်း မှာ သိကြရမှာ ဖြစ်ပေမယ့် အခု အချိန်ထိ သိထားရသမျှ ကတော့ ဖွဲ့စည်းပုံ အခြေခံ အသစ် မဆွဲပြီး မချင်း နောက်ထပ် အထွေထွေရွေးကောက်ပွဲ ကို မကျင်းပရ ဘူး ဆိုတဲ့ အချက် အပါအဝင် ဥပဒေ ပြုရေး နဲ့ နိုင်ငံ့ ဘတ်ဂျက် စီမံခန့်ခွဲတာ တွေကို လည်း စစ်ခေါင်းဆောင် တွေ ကို အာဏာ ပေးထားတာ ဆိုတော့ ဒါဟာ စစ်တပ် ကို အရေးကြီးတဲ့အာဏာ တွေ ပေးလိုက်တာ ပဲ လို့ ဝေဘန် သံတွေ ညံပြီး ထွက်လာနေ ပါတယ်။

နိုင်ငံရေးအရ အထင်အရှား အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်တဲ့ မိုဟာမက် အယ်ဘာရာ ဒေး က ဒါဟာ အီဂျစ် ဒီမိုကရေစီနဲ့ တော်လှန်ရေး ကို အကြီးအကျယ် နောက်ပြန် ဆွဲ လိုက်တာပဲ လို့ မှတ်ချက် ချ ပါတယ်။

တဟီရာ ရင်ပြင် တော်လှန်ရေး တုန်း က ထင်ပေါ် ခဲ့သူ နောက်ထပ် နိုင်ငံရေးခေါင်းဆောင် တဦး ဖြစ်သူ ဟမ်ဒန် ဆာဘာဟီ က လည်း အီဂျစ် အနာဂတ် ကို သိမ်းပိုက် လိုက်တဲ့ ကြေညာချက် လို့ ပြောပါတယ် အဓိက အတိုက်အခံ ဖြစ်လာနေတဲ့ အစ္စလာမ်မစ် အဖွဲ့ အစည်း မွတ်ဆလင် ညီအကိုတော်များ အဖွဲ့ က တော့ ဒီကြေညာချက် ဟာ တရားဝင် မှု လုံးဝ မရှိဘူး လို့ တုန့်ပြန်ထားပါတယ်။

S C A F SCAF လို့ အတိုကောက်ခေါ်ကြတဲ့ စစ်ကောင်စီ ကတော့ တနင်္ဂနွေ နေ့ က ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ က ထွက်ပေါ်လာတဲ့ ရလဒ် အတိုင်း အဲဒီ သမ္မတဖြစ်လာမယ့် သူ ကို အခုလ ကုန်ကျရင် အာဏာလွှဲပါ့မယ် ကြေညာထားပါတယ်

ထပ်ကျော့ပြီး လုပ်ခဲ့ရတဲ့ သမ္မတ ရွေးကောက်ပွဲ ရလဒ် က တရားဝင် မထွက်သေးပေမယ့် အတိုက်အခံ အစ္စလာမ်မစ် အဖွဲ့ အစည်း တခု ဖြစ်တဲ့ မွတ်ဆလင် ညီအကိုတော်များ အဖွဲ့ ကတော့ သူတို့ သမ္မတလောင်း ကိုယ်စားလှယ် ဖြစ်တဲ့ မိုဟာမက် မာဆီ အနိုင်ရ ပြီ လို့ ပြောနေပါတယ်။

ဒါပေမယ့် အရင် မူဘာရက် အစိုးရ လက်ထက် က ၀န်ကြီးချုပ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ သမ္မတလောင်း အာမစ် ရှာဖစ် ဘက်က ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ က တော့ မစ္စတာ မာဆီ နိုင်ပြီ ဆိုတာ မဟုတ်တဲ့ အကြောင်း ငြင်း ပါတယ်။

စစ်ကောင် စီ က အရင် ၇က်ပိုင်းတုန်း ကလည်း မနှစ် ကလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ် ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ မကိုက်ညီ ဘူး လို့ ဆိုပြီး ပယ်ဖျက်ထားတာကြောင့် လကုန်လို့ သမ္မတ ဘယ်သူဆိုတာ ကြေညာ ရင်တောင် လွှတ်တော် ကျင်းပ လို့ မရနိုင်သေး တဲ့ အခြေအနေ လည်း ဖြစ် နေပါတယ်။

ဒါ့ကြောင့် အီဂျစ် နိုင်ငံရေး ကတော့ လောလောဆယ် မှာ တင်းမာမှုတွေ ရှိနေသလိုရှေ့ဘာဖြစ်လာ မလဲဆိုတာ မှန်း ရခက် တဲ့ မရေရာမှု တွေ လည်း တွေ့နေရပါတယ်။