ယူရို ပြဿနာ G-20 အလေးပေး

  • 19 ဇွန် 2012
barroso ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ စီးပွားရေး ကျတာ ဥရောပ အပြစ်မဆိုသင့်

မက္ကဆီကို G-20 အစည်းအဝေး ရောက် ကမ္ဘာ့ ခေါင်းဆောင် တွေက ယူရိုဇုန် အကြွေး ပြဿနာ ပြေလည် ရေး လိုအပ် တာ အားလုံး ဆောင်ရွက်ကြဖို့ ဥရောပ နိုင်ငံ တွေကို တိုက်တွန်း ပါတယ်။

ဒီ ကိစ္စ တိုးတက်မှု မရှိတာကိုလဲ ခေါင်းဆောင်တွေက စိုးရိမ် ကြောင့်ကြ နေကြပါတယ်။

ဒါပေမယ့်လဲ တကမ္ဘာလုံး စီးပွားရေး ကျနေတာကို ဥရောပ သမဂ္ဂ ကိုချည်း အပြစ်ပုံချ လို့ မရဘဲ ဥရောပ ခေါင်းဆောင် တွေဟာ ဆုံးမ သြဝါဒ ခံဖို့ မက္ကဆီကို ထိ လာတာ မဟုတ်ဘူးလို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူယယ် ဘာရက်ဆို က ဆိုပါတယ်။

လောလောဆယ် ယူရို ပြဿနာ တက်နေတဲ့ ဂရိ က လက်ယာ အလယ်အလတ် ဝါဒ ကိုင်စွဲ ထားတဲ့ ဒီမိုကရေစီ သစ်ပါတီ ခေါင်းဆောင် ကတော့ ညွန့်ပေါင်း အစိုးရသစ် အမြန်ဆုံး ဖွဲ့ဖို့ လိုနေပီလို့ ဆိုပါတယ်။

ဂရိရဲ့ ယူရိုဇုန် အနာဂတ် အတွက် သေရေး ရှင်ရေး အရေးကြီးတယ် လို့ ယူဆ တဲ့ ရွေးကောက်ပွဲမှာ သူ့ပါတီ ပွတ်ကာ သီကာနဲ့ နိုင်သွားပီး နောက် တရက်မှာ အဒေါနစ် ဆာမရပ်စ်က ပြောကြား လိုက်ပါတယ်။

နိုင်ငံတကာ ကယ်ဆယ်ရေး အစီအစဉ် ကို ကြံ့ကြံ့ခံပီး လိုက်နာ ဆောင်ရွက် သွားမယ်၊ ဒါပေမယ့် အပြောင်းအလဲ တော့ မုချ ရှိရမယ်လို့ မစ္စတာ ဆာမရပ်စ်က ကတိပေး ပါတယ်။