ဆီးရီးယား အရေး ကန် ရုရှ ဆွေးနွေး

  • 19 ဇွန် 2012
putin ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်နိုင်ငံလုံးက ဆီးရီးယား နိုင်ငံရေး ဖြေရှင်းမှု ရစေချင်

ဆီးရီးယား အပစ်အခတ် တွေ အဆုံးသတ်ဖို့ လိုနေပီ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားနဲ့ ရုရှ သမ္မတ ဗလာဒီမာ ပူတင်တို့ ၂ ယောက်လုံးက သဘောတူ ညီခဲ့ကြ ပါတယ်။

အမေရိကန်နဲ့ ရုရှ နှစ်နိုင်ငံလုံးက ဆီးရီးယားမှာ နိုင်ငံရေး အရ ဖြေရှင်းမှု ရစေချင်ကြတဲ့ အတွက် နိုင်ငံတကာ နဲ့ ပူးပေါင်း ဆောင်ရွက် သွားကြမယ်လို့ လဲ မစ္စတာ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

မက္ကဆီကို ဂျီ တွမ်တီး ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် တွေ့ဆုံ ရာမှာ ဆီးရီးယား အရေး သဘောထား တော်တော် တူညီတာ တွေ့ရတယ် လို့ မစ္စတာ ပူတင်က အိုဘားမားနဲ့ အတူ ထိုင်ရင်း ပြောခဲ့ပါတယ်။

ဒါဟာ မစ္စတာ ပူတင် သမ္မတ ရာထူး ပြန်ယူပီး ခေါင်းဆောင် ၂ ဦး ပထမဆုံး အကြိမ် တွေ့ကြတာလဲ ဖြစ်ပါတယ်။