BBC navigation

ဂျူလီယံ အာဆန့်ဂျ် ခိုလှုံခွင့် တောင်း

နောက်ဆုံး ရေးသားချိန် 20 ဇွန်လ 2012 - 01:56 GMT
assange

အာဆန်း ခိုလှုံနေတဲ့ အီကွေဒေါ သံရုံး

ဝီကီလိ ဝက်ဆိုက် ဖန်တီးသူ ဂျူလီယံ အာဆန်းဟာ လန်ဒန်မြို့ အီကွေဒေါ သံရုံးမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ ခဲ့ပါတယ်။

ဒီလို ခိုလှုံခွင့် တောင်းခံလာတာကို စဉ်းစား ပေးမယ်လို့ အီကွေဒါ နိုင်ငံခြားရေး ဝန်ကြီး ရီကာဒို ပါတီနိုက ဆိုပါတယ်။

မစ္စတာ အာဆန်းဟာ အမျိုးသမီး ၂ ယောက်ကို မဖွယ်မရာ ပြုမှုနဲ့ ဗြိတိန်က ဆွီဒင် ပြန်ပို့ ခံရနိုင်ပါတယ်။

သူကတော့ ဒီစွပ်စွဲချက် တွေကို ငြင်းဆို ပါတယ်။

သူ့ ဝီကီလိ ကြောင့် နိုင်ငံရေး အညှိုးနဲ့ နှိပ်စက် ခံနေရတယ် လို့ မစ္စတာ အာဆန်းက အီကွေဒါက လက်ဝဲ သမ္မတ ရာဖယ် ကော်ရီရားဆီကို စာရေး ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။