မူဘာရက် ဆုံးပီ သတင်းထွက်နေ

  • 20 ဇွန် 2012
egypt ဓာတ်ပုံ မူပိုင် Reuters
Image caption မူဘာရက် လေဖြတ်ပီး သေဆုံးပီလို့ ပြောနိုင်

အီဂျစ်က လာတဲ့ သတင်းတွေ အရ သမ္မတဟောင်း မူဘာရက် သေလု နီးပါး ကျန်းမာရေး ဆိုးရွား နေပါတယ်။

ဒီလ စောစောပိုင်းက ထောင်ဒဏ် တသက် ကျသွားတဲ့ မစ္စတာ မူဘာရက်ဟာ လေဖြတ်ပီး သေဆုံးပီလို့ ပြောနိုင်တဲ့ အခြေအနေ ရောက်သွားပီလို့ အီဂျစ် အစိုးရ သတင်းစဉ်က ကြေညာပါတယ်။

လုံခြုံရေး အရာရှိ တွေနဲ့ ဆေးဝန်ထမ်း တွေ အဆိုအရ မူဘာရက် မေ့မျော သွားပီး အသက်ရှူစက် နဲ့ အသက်ကယ်ဖို့ ကြိုးစား နေတယ်လို့လဲ ဆိုပါတယ်။

အီဂျစ် နိုင်ငံသား တွေက မစ္စတာ မူဘာရက် အခြေအနေ ဆုတ်ယုတ် နေတယ် ဆိုတဲ့ သတင်းကို မယုံကြ ပေမယ့် နောက်ဆုံး ရတဲ့ သတင်း တွေကတော့ အတော် ခိုင်လုံတယ် လို့ ကိုင်ရိုက ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

အီဂျစ် စစ်ကောင်စီက အာဏာတွေ သိမ်းကြုံး ယူလိုက်တာကို ဆန့်ကျင်တဲ့ အနေနဲ့ နိုင်ငံသား သောင်းနဲ့ချီပီး တာရန် ရင်ပြင်မှာ စုဝေး ဆန္ဒပြ နေကြပါတယ်။

သမ္မတ ရွေးကောက်ပွဲ ရလဒ် ကို စောင့်စား နေတုန်း မွတ်ဆလင် ညီနောင်များ အဖွဲ့နဲ့ တခြား အုပ်စုတွေ ခေါင်းဆောင်တဲ့ ဒီဆန္ဒပြပွဲ ပေါ်ပေါက် ခဲ့တာပါ။